၁၄.၇.၂၀၂၅
Written by KL
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနှိုင်းရပ်ကွက်ရှိ ရေတံခွန်၌ ကလေးတစ်ဦး ရေကူး၍ ဒိုင်ဗင်ထိုးရာမှ ရေနစ်သေဆုံးမှု ဇူလိုင်လ ၁၃ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးဇော်လင်းမှာ သူငယ်ချင်းများနှင့်အတူ ရေတံခွန်တွင် ရေလာကစားစဥ် ရေထဲဒိုင်ဗင်ထိုးရာမှ ၆ ပေခန့်နက်သော ရေထဲ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကောင်လေးက ကဒုံစီးရပ်ကွက်မှာနေတာ။ ရေမကူးတတ်ဘူး။ သူငယ်ချင်းတွေနဲ့ ရေလာကစားရင်း ဒိုင်ဗင်ထိုးရင်း ရေနစ်သွားတာ။ ရေတံခွန်ဆိုပေမယ့် အောက်မှာလည်း ကျောက်တွေရှိတယ်”ဟု ပေါင်ဒေသခံတစ်ဦးက ပြောသည်။
ရေနစ်သေဆုံးခဲ့သည့် ဆယ်ကျော်သက်လူငယ်၏ ရုပ်အလောင်းကို ဒေသခံများနှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းရှာဖွေခဲ့ကြပြီး ရုပ်အလောင်းကို ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။
