




၁၄.၇.၂၀၂၅
Written By Thandar
ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့Yangon Convention Center ခန်းမကြီးမှာကျင်းပခဲ့တဲ့ OPPO Reno14 Series Music Party မိတ်ဆက်ပွဲကြီးကို နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ ပိုင်တံခွန်၊ ယွန်းဝတီလွင်မိုး၊ Lu Hpring စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော်က OPPO Reno14 Series မိတ်ဆက်တဲ့ပွဲမှာ Oppoရဲ့ Ambassador တစ်ယောက်အနေနဲ့ တက်ရောက်ဖြစ်တာပါ။ Oppo ရဲ့ Reno Series မှာဆိုရင် 13 တုန်းကဆိုလည်း ရေထဲမှာ ရိုက်ကူးရေးတွေလုပ်လို့ရတယ်။ Video ကို ကြည်ကြည်လင်လင်ရတယ်။ ခု 14 Series မှာက ပိုကောင်းတာက 4K Underwater ရတယ်ဆိုတော့ ကင်မရာတစ်လုံးနဲ့ ရေအောက်ရိုက်သလိုကြည်လင်ပြတ်သားတဲ့ Video တွေရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါတော့ ကျွန်တော်ကြိုက်ပါတယ်။ ညဘက် Party ပွဲတက်တွေအတွက် စိတ်ကြိုက် နေ့ခင်းဘက်ရိုက်သလို ပုံထွက်ကောင်းထွက်လာမှာပါ”လို့ OPPO ရဲ့ Brand Ambassador ပိုင်တံခွန်ကပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ OPPO ရဲ့ Brand Ambassador ဖြစ်တဲ့ ပိုင်တံခွန်နဲ့ ယွန်းဝတီလွင်မိုး၊ Lu Hpring၊ လင်းအောင်ခေတ်၊ ချမ်းမြေ့မောင်ချို၊ Shine၊ Square Lake Pirates၊ ICY World စတဲ့ Cele တွေ Fan Meeting ပြုလုပ်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
ဆန်းသစ်တဲ့ နည်းပညာနဲ့ Full-scene AI Imagine Master ဆိုတဲ့အတိုင်း အချိန်မရွေး နေရာမရွေးရိုက်ကူးလို့ရမယ့် AI Photography နည်းပညာတွေအပြင် အမိုက်စားလုပ်ဆောင်ချက်တွေကို ယူဆောင်လာမယ့် OPPO Reno14 Series 5G ရဲ့ ဈေးနှုန်းတွေကတော့ OPPO Reno14 Pro 5G က ကျပ် ၂,၉၉၉,၉၀၀ ၊ OPPO Reno14 5G က ကျပ် ၂,၃၉၉,၉၀၀၊ OPPO Reno14 F 5G က ကျပ် ၁,၅၄၉,၉၀၀ ဖြစ်ပါတယ်။
ဒီ OPPO Reno14 Pro 5G လည်း အတူတူရောက်ရှိလာခဲ့သလို OPPO Reno14 Series 5G ကို လာမယ့် ဇူလိုင် ၃၁ ရက်အထိ ဝယ်ယူအားပေးသူတွေအတွက် Smart Watch, Magnetic Phone Case (OPPO Reno14 Pro 5G အတွက်သာ) ATOM Package, 180 Days Screen Protection Plan, 5 Years Battery Protection Plan သတ်မှတ်ထားတဲ့ ဝန်ဆောင်မှုအရည်အသွေးတွေနဲ့ After Sales Service အတွက် VIP Card စတဲ့ အမြင့်ဆုံးတန်ဖိုး ကျပ် ၁,၂၅၀,၀၀၀ ဖိုးနီးပါးရှိတဲ့ လက်ဆောင်များကို ရရှိမှာဖြစ်ပါတယ်။ ဒါ့ပြင် OPPO Customer အဟောင်းတွေအတွက် အထူးသီးသန့်ဖြစ်တဲ့ မှန်ကွဲအာမခံကို ဆတိုးခံစားနိုင်မှာဖြစ်ပါတယ်။
ဒီမိတ်ဆက်ပွဲမှာ တေးသံရှင်တွေဖြစ်တဲ့ ချမ်းမြေ့မောင်ချို၊ Shine၊ Lu Hpring၊ Square Lake Pirates၊ ICY World စတဲ့သူတွေက တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
