MT News
၁၁.၇. ၂၀၂၅
ကလေးမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၂ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို ဖမ်းမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် သတင်းအရ ကလေးမြို့နယ်၊ အေးသာယာကျေးရွာအနီးတွင် မန္တလေးမှ ကလေးသို့ နိုင်လင်းအောင်(ခ)မွှေးနီ မောင်းနှင်ပြီး ဇော်မျိုးနိုင်(ခ)သားငယ် လိုက်ပါလာသည့် I Zone အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို(၎င်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၂ ဘီလျံ)အား ဖမ်းဆီးရမိခဲ့သည်။
တရားခံများကို ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ ဘိန်းဖြူများအား မန္တလေးတိုင်းမှ ကလေးသို့ သယ်ဆောင်ခိုင်းသူမှာ ပြည်ကြီးတံခွန်မြို့နယ်နေ ငြိမ်းချမ်းအောင် ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
