၇.၇.၂၀၂၅
Translated by Htwe Ko Tun
သက်တမ်းအနေနဲ့ ၁၇ နှစ်ရှိသွားပြီဖြစ်တဲ့ BRICS အဖွဲ့ကြီးက ဘရာဇီးလ်နိုင်ငံ၊ ရီအိုဒီဂျနေးရိုးမြို့မှာ ဆယ့်ခုနစ်ကြိမ်မြောက် BRICS ထိပ်သီးဆွေးနွေးပွဲကို ဇူလိုင်လ ၆ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့ကြပါ တယ်။ BRICS ထိပ်သီးဆွေးနွေးပွဲကို အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး “ပိုမိုပါဝင်ဆောင်ရွက်နိုင်ကာ ရေရှည်တည်တံ့မယ့် အုပ်ချုပ်မှုအတွက် တောင်ကမ္ဘာလုံးနိုင်ငံများ ပူး ပေါင်းဆောင်ရွက်မှု အားကောင်းစေရေး” ဆိုတဲ့ ရည်မှန်းချက်အောက်မှာ ကျင်းပခဲ့ကြတယ်လို့လည်း သိရပါတယ်။
ထိပ်သီးဆွေးနွေးပွဲမှာ ခေါင်းဆောင်တွေက အပြန်အလှန်လေးစားမှုရှိရေးနဲ့ နားလည်မှုရှိမှု၊ အချုပ်အခြာအာဏာ၊ ညီတူညီမျှရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီရှိမှု၊ ပွင့်လင်းမှု၊ ပါဝင်ဆောင်ရွက်နိုင်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ အများသဘောတူဆန္ဒကျင့်သုံးမှု စတဲ့ BRICS အဖွဲ့ကြီးရဲ့စိတ်ဓာတ်ကို လိုက်နာကြမယ်လို့ ကတိပြုချက်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။
ဒါ့ပြင် BRICS ခေါင်းဆောင်တွေက အဖွဲ့ကြီးကို နိုင်ငံရေးနဲ့လုံခြုံမှု၊ စီးပွားရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ၊ ယဉ်ကျေးမှုနဲ့ပြည်သူအချင်းချင်းပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ ဒေါက်တိုင်ကြီးသုံးခုနဲ့ တိုးချဲ့ရေး၊ ငြိမ်းချမ်းရေးကိုမြှင့်တင်မှု၊ ပိုမိုကိုယ်စားပြုဆောင်ရွက်မှု၊ မျှတတဲ့အပြည်ပြည်ဆိုင်ရာအစီအစဉ်ရှိမှု၊ ထပ်မံအားကောင်းမှုရှိပြီး ပြန်လည်ဖွဲ့စည်းထားတဲ့ ဘက်ပေါင်းစုံပါဝင်တဲ့စနစ်ကိုကျင့်သုံးမှု၊ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်မှုနဲ့ အားလုံးပါဝင်တဲ့ ဖြစ်ထွန်းတိုးတက်မှုတို့အား မြှင့်တင်ရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေးတို့ကို ဆောင်ရွက်သွားကြဖို့လည်း ကတိပြုခဲ့ကြပါတယ်။
BRICS အဖွဲ့ထိပ်သီးဆွေးနွေးပွဲမှာ ဆယ်ယောက်မြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံကို လက်ခံကြိုဆိုခဲ့ကြပါတယ်။ အဖွဲ့ကြီးရဲ့ မိတ်ဖက်နိုင်ငံတွေအဖြစ်လည်း ဘယ်လာရုစ်၊ ဘိုလီးဗီးယား၊ ကာဇက်စတန်၊ ကျူးဘား၊ နိုင်ဂျီးရီးယား၊ မလေးရှား၊ ထိုင်းလင်း၊ ဗီယက်နမ်၊ ယူဂန်ဒါနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတို့ကို လက်ခံခဲ့ကြပါတယ်။
BRICS ခေါင်းဆောင်တွေက ရာသီဥတုဆိုင်ရာ ဘဏ္ဍာရေးကိုသဘောတူလက်ခံခဲ့ကြပြီး ဉာဏ်ရည်တုနည်းပညာ၏ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု ကြေညာချက်တို့ကို ပြုလုပ်နိုင်ခဲ့သလို လူမှုရေးအရချို့တဲ့မှုတွေကြောင့် ဖြစ်ပွားရတာလို့ ဆုံးဖြတ်ထားတဲ့ရောဂါတွေ အဆုံးသတ်စေရေးအတွက် မိတ်ဖက်ဆောင်ရွက်မှုကိုလည်း ထောက်ခံခဲ့ကြတယ်လို့ သိရပါတယ်။
Ref- BRICS Declaration

