
MT News
၅. ၇. ၂၀၂၅
မန္တလေးငလျင်ကြီးဘေးဒဏ်သင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ယမန်နေ့က ခွင့်ပြုထုတ်ပေးလိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။
အဆိုပါ ထုတ်ပေးမှုကို ဇူလိုင် ၄ ရက်တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန (၁၀၉၇) ဌာန၊ အာမခံအလုပ်သမား (၂၇၂၆၇) ဦးအနက်မှ အာမခံလုပ်သား (၁၁,၂၀၃) ဦးအတွက် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်းပေါင်း ၁၀၀၁ ဒသမ ၅၆၃ သန်းကို ဦးစွာ ထုတ်ပေးခြင်းဖြစ်သည်။
ထိုကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Online Payment စနစ်နှင့်အညီ မြန်မာ့စီးပွားရေးဘဏ်များမှတစ်ဆင့် ပုဂ္ဂလိကဘဏ်များသို လွှဲပြောင်းပေးအပ်ကာ Digital Payment စနစ်များဖြစ်သော KBZ Pay ၊ AYA Pay ၊ Wave Pay ၊ UAB Pay ၊ Mytel Pay စသည်တို့ဖြင့် အာမခံလုပ်သားများ လက်ဝယ်သို့ စနစ်တကျလွယ်ကူ မှန်ကန်မြန်ဆန်စွာ ထုတ်ပေးလျက်ရှိသည်။
ထိုပြင် ကျန်ရှိသော အာမခံလုပ်သားများအတွက်လည်း စာရင်းများစိစစ်ပြီးပါက ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။