



၃.၇.၂၀၂၅
Written By Thandar
MHC Vision ထုတ်လုပ်ရေးက ပွဲဦးထွက်ရိုက်ကူးမဲ့ ချစ်ခြင်းမေတ္တာတရားရဲ့ ဆန်းကြယ်မှုတွေပါဝင်တဲ့ “သူငယ်ချင်းတို့ အိမ်” ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ ဇူလိုင်လ ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Hotel Keio မှာ ကျင်းပခဲ့ပါတယ်။
“နေခြည်က ဒီဇာတ်လမ်းတွဲမှာ ဗန့်ကာရိုက်တာလေးနဲ့ ပါတာပါ။ ဗီလိန်မို့ ဇာတ်ကားပြရင်းလည်း ဆဲရင်လည်း ဆဲပါစေတော့ မတတ်နိုင်တော့ဘူးပေါ့နော်။ ကာရိုက်တာအတွက်မို့ သဏ္ဍာန်လုပ် သရုပ်တူအောင် ကြိုးစားလုပ်ခဲ့တယ်။ ကိုယ်တိုင်က ဇာတ်လမ်းတွဲကတစ်ဆင့် ဒီလောကထဲရောက်လာတာမို Series ရိုက်ရတာလည်း ပိုသဘောကျပါတယ်။အချိန်များများလည်း ပရိသတ်က ပိုတွေ့ရတယ် ထင်မိပါတယ်။ ဒီကားလေး ဇူလိုင် ၅ ရက်နေ့ Fortune TV က ထုတ်လွှင့်ရင်လည်း နေခြည်ကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်”လို့ နေခြည်ရွှန်းလက်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း Skyward Art Team ကရေးသားပြီးတော့ ဇာတ်လမ်းနဲ့ ဒါရိုက်တာ အဲရစ်လင်းက သရုပ်ဆောင် ဉာဏ၊ ဝိုင်းရွှေရည်၊ နေခြည်ရွှန်းလက်၊ ကျော်မိုးပိုင်၊ ဆာရာ၊ ကူးကူးဟန်သာ၊ ပြုံးဟန်သာကို၊ လွန်းခြယ်၊ ပန်းဝတ်မှုန်၊ ပိုင်စိုးစံ၊ မင်းနေလင်း၊ မိုကို၊ နန်းရှင်စော၊ ကလေးသရုပ်ဆောင် ရွှေရည်လွန်းအိမ်နဲ့အနုပညာရှင်များစွာ ရိုက်ကူး ပါဝင်ထားကြပါတယ်။
Mini Series ဖြစ်တဲ့ “သူငယ်ချင်းတို့ အိမ်”ဇာတ်လမ်းတွဲကို လာမယ့် ဇူလိုင် ၅ ရက်နေ့မှာ အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့ ည ၈ နာရီခွဲတိုင်း Fortune TV မှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
