
၂. ၇. ၂၀၂၅
Written by Nay Moe
ကယားတပ်ပေါင်းစုများက တိုက်ခိုက်သိမ်းယူမှုကြောင့် တစ်နှစ်ခွဲကျော် နှစ်နစ်ခန့်ကြာ လက်လွှတ်ထားရသော မိုးဗြဲမြို့ကို တပ်မတော်က ယနေ့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်ဟု ကနဦးသတင်းများအရ သိရသည်။
ကယားလက်နက်ကိုင်(ကရင်နီ)များဖြစ်သည့် KNPP/ KNDF၊ DMO Local PDF၊ မိုးဗြဲ PDF ၊ ရှမ်းတောင်ဗျူဟာ (၁) URF၊ KPLA စသော ကရင်လက်နက်ကိုင်နှင့် PDF တပ်ပေါင်းစုက ၂၀၂၁ မှစ၍ မိုးဗြဲမြို့ကို ထိုးစစ်ဆင်သဖြင့် ၂၀၂၁ ခုနှစ် မေလ ၂၃ ရက်က ရဲစခန်း လက်လွှတ်ခဲ့ရသလို ၂၀၂၃ နိုဝင်ဘာလကုန်ပိုင်းတွင် ခမရ (၄၂၂) မှအပ တစ်မြို့လုံးကို ထိန်းချုပ်ခဲ့သည်။
ထို့နောက် တပ်မတော်က တစ်ခုတည်းသာကျန်တော့သော ခမရ (၄၂၂) ကို အခြေပြုကာ မိုးဗြဲမြို့မှ ကယားလက်နက်ကိုင်များနှင့် PDF တပ်ပေါင်းစု၏ လူဦးရေထောင်ချီရှိသော အင်အားစုများကို ဝေဟင်မြေပြင်ထိုးစစ်ဖြင့် ပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းရာ ယခု ဇွန်လ ၃၀ ရက်နေ့တွင် တပ်မတော်၏ မြေပြင်စစ်ကြောင်းများက မိုးဗြဲမြို့အတွင်းဝင်ရောက် နယ်မြေရှင်းလင်းနေသဖြင့် ရှမ်းတောင် (ကယား) ကရင်နီလက်နက်ကိုင်တပ်ပေါင်းစုဖြစ်သည့် KNDF, PDF,Local PDF,URF နှင့် KPLA တို့က မိုးဗြဲမြို့အတွင်း မိန်းလမ်းမကြီးများ ဖြတ်သန်းသွားလာခြင်းမပြုရန် စာထုတ်ခဲ့သည်။
သို့သော် မိုးဗြဲမြို့သည် မူလကပင် ကယားလက်နက်ကိုင် (ကရင်နီ) များက တိုက်ပွဲဖော်ဆောင်မြို့ထိန်းချုပ်ထားမှုကြောင့် ၂၀၂၁ ကတည်းက ပြည်သူအများစုစစ်ရှောင်နေရသလို မြို့တွင်း၌လည်း ကယားလက်နက်ကိုင်များနှင့် ဆက်စပ်သူများသာ ရှိနေသဖြင့် ယခုရက်ပိုင်းရှင်းလင်းမှုတွင် အရေးပါသော ရဲစခန်းနှင့် မြို့မစျေးရှိ ကယား/PDF ပူးပေါင်းတပ်စုများကို ရှင်းထုတ်နိုင်ခဲ့ပြီး လက်ရှိတွင် မြို့ပြင်ထွက်ပြေးသော ရှမ်းတောင် (ကယား) ကရင်နီလက်နက်ကိုင်တပ်ပေါင်းစုဖြစ်သည့် KNDF, PDF,Local PDF,URF နှင့် KPLA တို့ကို တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းနေသည်ဟု သိရသည်။
မိုးဗြဲမြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက် ထိန်းချုပ်လိုက်သည်ကို ရှမ်းတောင် (ကယား) ကရင်နီလက်နက်ကိုင်တပ်ပေါင်းစုက PDF များကိုယ်တိုင် လူမှုကွန်ရက်တွင် ရေးသားနေသလို သေဆုံးကုန်သည့် ကယား/PDF များလည်း အများအပြားရှိနေကာ PKPF စာရင်းအရ တပ်မတော်က မိုးဗြဲမြို့သိမ်းရန်ထိုးစစ်ဆင်သည့် ယခုနှစ် ဇွန်လ ၃၀ ရက်အထိ ကယားလက်နက်ကိုင်/PDF ၁၂၇ ယောက် သေဆုံးထားပြီး ယခု ဇူလိုင် ၂ ရက်အတွင်း အနည်းဆုံး ၅၀ ဝန်းကျင် ထပ်မံသေဆုံးသွားသည်။
