၂. ၇. ၂၀၂၅
Written by Nay Moe
ပခုက္ကူ တပ်မ (၁၀၁) က ရေစကြိုမှ ခလရ (၂၅၆) သို့ ပေးပို့သည့် ဆန်၊ ဆီ၊ ရိက္ခာများနှင့် ကားကို ရေစကြိုပကဖ သိမ်းဆည်းပြီး ပေးပို့သူနှစ်ဦးကိုပါ ယနေ့ ဖမ်းဆီးလိုက်သည်ဟု သိရသည်။
ဖြစ်စဥ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူတပ်မ(၁၀၁)မှ ရေစကြိုမြို့နယ် ခလရ(၂၅၆)သို့ပို့ဆောင်သည့် 4/G4567 မှန်လုံကုန်သယ်ယာဉ်ငယ်တစ်စီးပေါ်တွင် ဆန် ၃၅ အိတ်၊ စားဆီ ၁၄ ပုံး၊ စက်သုံးဆီ ၇ ပုံး၊ ဆားတစ်အိတ်၊ ဟင်းချိုမှုန်တစ်အိတ် စသည့်ရိက္ခာများအား ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် ပခုက္ကူ-ရေစကြို ကားလမ်းပိုင်းတစ်နေရာတွင် စစ်ဆေးတွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်ကလည်း ရေစကြိုမြို့နယ် ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးတွင်တာဝန်ထမ်းဆောင်နေသော အငြိမ်းစားတပ်ကြပ်ကြီးထွန်းအောင်ကို ပစ်သတ်လိုက်ပြီး ဆိုင်ကယ်အပါအဝင် ရွှေငွေများနှင့် ပါရှိပစ္စည်းအကုန် လုယက်ခဲ့သည့် အဖွဲ့ဖြစ်သည်။



