၁.၇.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ တီလန်ဂါနာပြည်နယ်၊ ဟိုက်ဒရာဘတ်မြို့ရှိ ဆီဂါရှီ ဓာတုစက်ရုံ၌ ဇွန်လ ၃၀ ရက်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားပြီး မီးလောင်ခဲ့ရာတွင် ဇူလိုင်လ ၁ ရက်နံနက်ပိုင်းအထိ အနည်းဆုံး ၄၂ ဦးသေဆုံးကာ ဒဏ်ရာရသူအများအပြားရှိကြောင်းလည်း ကယ်ဆယ်ရေးသမားများက ပြောခဲ့ကြသည်။
ဒေသရဲမှူးကြီး ပါရီတို့ရှ် ပန်ကတ်ဂျ်က “အပျက်အစီးအပိုင်းအစတွေကိုဖယ်ရင်း အဲဒါတွေအောက်မှာ သေဆုံးနေသူတွေ တော်တော်များများတွေ့ခဲ့တာပဲ။ အပျက်အစီးတွေအောက်ကနေ စုစုပေါင်း ၃၁ လောင်းတွေ့ရှိခဲ့ပြီး သုံးယောက်ကတော့ ဆေးရုံရောက်မှ သေဆုံးတာပါ” ဟု ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး စီဒါမွန်ဒါ ရာဂျာနာရာဆင်မ်ဟာနှင့် ပြည်နယ်ဝန်ကြီးချုပ် အေရီဗန့်ရက်ဒ်တို့က အချင်းဖြစ်ပွားရာနေရာကို ဇူလိုင် ၁ ရက် နံနက်က ရောက်ရှိလာကြပြီး အခြေအနေကို စစ်ဆေးခဲ့ကြကြောင်းလည်း သိရသည်။
ရှေးဦးသတင်းများအရ ပေါက်ကွဲမီးလောင်ကျွမ်းမှုက ဓာတုဗေဒဓာတ်ပြုခြင်းများ ဖြစ်ပွားရာမှ စတင်ခဲ့ရခြင်းဟု ယူဆထားကြသည်။
ဆီဂါရှီ ဓာတုလုပ်ငန်းကုမ္ပဏီက ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်ကာ ဆေးဝါးများတွင်ပါဝင် ပစ္စည်းများ၊ ဖြည့်စွက်စာများ၊ ဗီတာမင်ပါဝင်သော ဓာတ်သတ္တုအရောအနှောများကို ထုတ်လုပ်ရာတွင် ခွဲစိတ်မှုများနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများကိုလည်း ဝန်ဆောင်မှုပေးဆောင်ရွက်ကြောင်းသိရသည်။
Re-Firstpost



