၁. ၇. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်ကြောင့် ကျဆင်းခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်မှုသည် ပြီးခဲ့သည့် ဇွန်လတွင် ပြန်လည်နာလန်ထူလာပြီး နှစ်နစ်ကျော်အတွင်း ပထမဆုံးအကြိမ် အလုပ်ခန့်အပ်မှုတိုးလာကြောင်း၂၀၂၅ ခုနှစ် မေလအတွက် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် ဧပြီလတွင် ရှစ်လအတွင်း အနည်းဆုံးအထိ ကျဆင်းခဲ့ပြီးနောက် ကုန်ထုတ်လုပ်မှုအညွှန်းကိန်း PMI သည် ပြန်လည်နာလန်ထသည့် လက္ခဏာများကို ပိုမိုပြသခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအညွှန်းသည် ပြီးခဲ့သည့် မေလတွင် ၄၇ ဒသမ ၆ သာရှိခဲ့ရာမှ ဇွန်လတွင် ၄၉ ရရှိခဲ့ခြင်းက မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍအခြေအနေ ကောင်းမွန်မှုတွင် အသင့်တင့် ယိုယွင်းမှုတစ်ခုကိုသာ ညွှန်ပြခဲ့သည်။
“မတ်လမှာ ငလျင်လှုပ်ခတ်ခဲ့တဲ့နောက်ပိုင်း စွမ်းဆောင်ရည် ကျဆင်းမှုကနေ ပြန်လည်နာလန်ထလာနေပြီး မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍက တည်ငြိမ်မှုရမည့် အနေအထားကို သွားနေကာ ပထမနှစ်ဝက်ကို နိဂုံးချုပ်လိုက်ပါတယ်။ ဆန္ဒအလျောက် အလုပ်ထွက်မှုတွေကြောင့် အဓိကဖြစ်တဲ့ ကာလရှည်ကြာ ကျဆင်းမှုနောက်ပိုင်းမှာ နှစ်နစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အလုပ်ခန့်အပ်မှုတိုးလာပါတယ်” ဟု S&P Global Market Intelligence ရှိ စီးပွားရေးပါရဂူ Maryan Baluchက ပြောသည်။
ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် အလုပ်ခန့်အပ်မှုသည် ဇွန်လတွင် ပြန်လည်တိုးပွားလာပြီး ထုတ်လုပ်ရေးတွင် ဦးစိုက်သူများနှင့် အမှာစာအသစ်များသည် သုံးလအတွင်း အားအနည်းဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
ကုန်ကျစရိတ်ဖောင်းပွမှု ဖိအားများသည် ဇွန်လတွင် အနည်းငယ်တိုးလာသည့် လက္ခဏာများ ပြသခဲ့သော်လည်း မေလတွင် တွေ့မြင်ခဲ့ရသည်ထက် အနည်းငယ်သာ ပိုမိုအားကောင်းခဲ့ကြောင်း၊ ကုန်ကြမ်းပစ္စည်း ကုန်ကျစရိတ်များ ပိုမိုမြင့်မားမှုနှင့် ကျပ်ငွေနှင့်ဒေါ်လာအကြား ငွေလဲနှုန်း မကောင်းမွန်ခြင်းကို အဖွဲ့ဝင်အများအပြားက အစီရင်ခံခဲ့ကြကြောင်း ဖော်ပြထားသည်။
