
MT News
၂၉. ၆. ၂၀၂၅
ဝေါမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဥ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ရန်ကုန်မှ ထားဝယ်သို့ ဟိန်းလတ်မောင်းနှင်ပြီး နေလင်းထိုက်(ခ)မဲကြီးနှင့် ကောင်းစုညီ(ခ)စည်သူတို့ လိုက်ပါလာသော နစ်ဆန်း ၆ ဘီးမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၉ သိန်း(တစ်ပြားလျှင် ငွေ ၁၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၅ ဘီလျံ) ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မှတစ်ဆင့်ထားဝယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ သုံးဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
