၂၄.၆.၂၀၂၅
Written By Thandar
ကုမုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “အကယ်၍” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြိုနယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီနေ့ကန်တော့ပွဲပေးလုပ်တဲ့ ဇာတ်လေးက ဆရာမ မဝေမျိုးသစ်ရဲ့ အကယ်၍ ဇာတ်လေးပါ။ ဒီကားမှာ စိုင်းစည်တွမ်ခမ်း၊ နေထွဋ်ရယ်၊ စိုးပြည့်သဇင်၊ မေမြင့်မိုရ်၊ မဇာလေး@ခင်ဇာခြည်ကျော်၊ မမေပန်းချီတို့နဲ့ တခြားအနုပညာရှင်တွေလည်း ပါပါတယ်။ တကယ့်ဖြစ်ရပ်မှန်ဇာတ်လေးကို ရုပ်ရှင်ဇာတ်ကားကြီး ဖန်တီးဖို့ပါ။ နောင်မှရတဲ့ နောင်တရတဲ့ ပုံစံလေးကို ခေါင်းစဉ်လေးနဲ့ အိမ်ထောင်ရေး ဒရာမာဇာတ်လမ်းပါ”လို့ ဒါရိုက်တာ ပြည့်ဖြိုးနိုင်(PPN)က MT Entertainment ကို ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း ဝေမျိုးသစ်၊ ဇာတ်ညွှန်း အေးသီရိကို၊ လက်ထောက်ဒါရိုက်တာ ဝေယံ၊ ဒါရိုက်တာ ပြည့်ဖြိုးနိုင် (PPN)က ဇွန်လ ၂၅ ရက် စတင်ပြီး ရန်ကုန်မြိုနဲ့ ရှမ်းပြည်နယ်တို့ဘက်မှာ အိမ်ထောင်ရေး ဒရာမာ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပုံဖော်စတင်ရိုက်ကူးမယ်လို သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ စိုးပြည့်သဇင်၊ အကယ်ဒမီမေမြင့်မိုရ်၊ စိုင်းစည်တွမ်ခမ်း၊ နေထွဋ်၊ အကယ်ဒမီခင်ဇာခြည်ကျော်၊ မေပန်းချီ၊ ဆုမြတ်နိုးဇင်နဲ့ အခြားအနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
#SoePyaeThazin #MayMyintMo #SaiSiTomKham #NayHtut #MayPaChe
#ကုမုဒြာရုပ်ရှင်ထုတ်လုပ်ရေးက #အကယ်၍ရုပ်ရှင်ဇာတ်ကားကြီး











