၂၃. ၆. ၂၀၂၅
Written by Nay Moe
ဘင်္ဂါလီအရေးလှုပ်ရှားပြီး မဲဆောက်တွင်နေထိုင်ကာ တော်လှန်ထောက်ပို့လုပ်နေသူ ရဲဟိန်းအောင် (ခ) ဖိုးသင်္ကြန်က PDF အမျိုးသမီးတစ်ဦးကို အလိုမတူ အဓမ္မပြုကျင့်ခဲ့သည်ဟု အမျိုးသမီးအဖွဲ့အစည်း Shield က ဖွင့်ချလိုက်သလို ကျူးလွန်သူကလည်း ဝန်ခံလာသည်။
ကျူးလွန်သူရဲဟိန်းအောင်သည် ဘာသာခြားတစ်ဦးဖြစ်ပြီး ယင်းသည် နယ်စပ်သို့ရှောင်တိမ်းလာသူ PDF/ထောက်ပို့ အမျိုးသမီးငယ်များအား ပစ်မှတ်ထား ကာမရယူနေကြောင်း သတင်းထွက်လာပြီးနောက် ၎င်းကိုယ်တိုင်က အမျိုးသမီးတစ်ဦးအား ချစ်သူဖြစ်ပြီးမှ အလိုမတူဘဲ ကာမရရယူခဲ့ကြောင်း ဝန်ခံခဲ့သည်။ သို့သော် ထိုသို့ အဓမ္မကာမ ရယူသည်မှာ အရွယ်ရောက်ပြီးသူနှစ်ဦးကြား အလိုဆန္ဒဖြစ်ကြောင်း၊ ပြုကျင့်ခံအမျိုးသမီးမှာလည်း ပြည်ပနိုင်ငံတစ်ခုသို့ ထွက်ခွာသွားကြောင်း ယင်းက ပြန်လည်ပြောဆိုသည်။
Shiled ကမူ ရဲဟိန်းအောင် (ခ) ဖိုးသင်္ကြန်၏ အဓမ္မပြုကျင့်ခံရသူ၏ တိုင်ကြားချက်ကို ဖော်ပြရာ၌ ပြည်ပပြေးသူ PDF အမျိုးသမီးမှာ ရဲဟိန်းအောင် (ခ) ဖိုးသင်္ကြန်၏ ဘင်္ဂါလီအရေး၊ လူ့အခွင့်အရေးနှင့် တော်လှန်ရေးတွင် ပါဝင်မှုကြောင့် အထင်ကြီးလေးစားကာ ချစ်ကြိုက်ခဲ့၍ အဖြေပေးပြီး နောက်ရက်တွင်ပင် အလိုမတူ အဓမ္မပြုကျင့်ခံရကြောင်း၊ ထိုသို့ ကာမရယူမှုအပြင် ငွေကြေးချူစားတောင်းဆိုမှုလည်းရှိကြောင်း၊ ရဲဟိန်းအောင်လုပ်ရပ်သည် မုဒိမ်းမှု၊ ကာမလိမ်လည်ရယူမှုသဘောသက်ရောက်ကြောင်း ထုတ်ပြန်ထားသည်။




