




၂၁.၆.၂၀၂၅
Written By Thandar
ပရိသတ် ချစ်ခင်မှုများစွာရရှိလာတဲ့ မိတ်ကပ်ပညာရှင် ကိုသာဂိကို MD Skincare Myanmar ရဲ့ ဒုတိယအကြိမ်မြောက် Brand Ambassador ခန့်အပ်ပွဲနဲ့ 2 Year Anniversary ပွဲအခမ်းအနားကို ယနေ့ ဇွန်လ ၂၁ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel မှာ ကျင်းပခဲ့ရာ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
“ ဒီနေ့အခမ်းအနားကတော့ MD Skincare Myanmar က ကျွန်တော့်ကို ဒုတိယအကြိမ် Brand Ambassador ခန့်အပ်တာပါ။ အမှန်အတိုင်းပြောရရင် တစ်နှစ်လောက်ပဲ Brand Ambassador ခန့်အပ်ကြတာများတယ်။ နောက်တစ်နှစ်ခန့်အပ်ခံရတာ မမျှော်လင့်ရဲတဲ့ မျှော်လင့်ချက်ပေါ့။ ကုမ္ပဏီဘက်ကို ကမ်းလှမ်းလာ ချိန်မှာ အရမ်းပီတိဖြစ်ရတယ်။ စိတ်ထဲမှာ အရမ်းလည်း ကြည်နူးရပါတယ်။ တစ်နှစ်တာ လက်တွဲလုပ်ဆောင်ချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်တွေကို သဘောကျတာမို့ သူတို့ကျေနပ်တာမို့ ဝမ်းသာရပါတယ်။ ကိုယ်တိုင်ကလည်း မင်းသားလည်းမဟုတ်ဘူး။ မော်ဒယ်လ် သရုပ်ဆောင်ဖြစ်မနေဘူးလေ။ အဆိုတော်လည်း မဟုတ်တဲ့ သာမာန်မိတ်ကပ် ဆရာတစ်ယောက်ကို ဒီလိုအခွင့်အရေးရဖို့ ခဲယဉ်းတယ်လေ။ ဒီကမ်းလှမ်းမှုအပေါ်မှာလည်း အောင်မြင်အောင် ကြိုးစားပါမယ်။ ပထမနှစ်ထက် ဒုတိယနှစ်မှာ ပြောင်မြောက်တဲ့ လုပ်ငန်းစဉ်တွေ အကျိုးရှိအောင် လုပ်ဆောင်သွားမှာပါ”လို့ ကိုသာဂိ(Makeup Artist) က MT Entertainment ကိုပြောပါတယ်။
အဆိုပါ MD Skincare Myanmar ပွဲအခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ ညီနန္ဒ၊ သတ္တိ၊ ပိုင်သစ်၊ ဟန်ထူးဈာန်၊ ရတနာမိုင်၊ ဗီဗာဟိန်း၊ ပွင့်၊ မြသဥ္ဇာလီ စတဲ့သူတွေတက်ရောက်ကြပြီး တစ်နှစ်ပတ်လုံး ရောင်းအား အကောင်းဆုံးသူတွေကို ဆုတွေ အသီးသီးချီးမြှင့်ခဲ့ကြပါတယ်။ ဒါ့အပြင် Brand Ambassador ခန့်အပ်ခံရတဲ့ ကိုသာဂိကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တေးသီချင်းတွေနဲ့ သီဆို ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။