
၁၉.၆.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့ (FDA ) လူသားတွေကို ခြိမ်းခြောက်နေတဲ့ အေအိုင်ဒီအက်စ်ရောဂါဆိုး ကြီးကိုဖြစ်ပွားစေနိုင်တဲ့ HIV ဗိုင်းရပ်ခေါ်ကြတဲ့ ကိုယ်ခံအားနည်းရောဂါ ဗိုင်းရပ်ပိုးကာကွယ်ဆေးကို ဇွန်လ ၁၈ ရက်က အတည်ပြုခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ဒီကာကွယ်ဆေးကို ဆေးပညာရှင်တွေက စမ်းသပ်ရှာဖွေနေတာကြာပြီဖြစ်ပြီး အခုအခါမှာတော့ ကာကွယ်ဆေးအဖြစ် FDA က အတည်ပြုခဲ့တာပါ။

အဆိုပါကာကွယ်ဆေးက HIV ဗိုင်းရပ်ကို ပထမဆုံးကာကွယ်ဆေးလည်းဖြစ်ပြီး ဗိုင်းရပ်ကိုကာကွယ်ဖို့ တစ်နှစ်လျင်နှစ်ကြိမ် ထိုးရမယ်လို့ သိရပါတယ်။ HIV ဗိုင်းရပ် ကူးစက်ဖို့ အန္တရာယ်ရှိသူတွေအနေနဲ့ Lenacapavir လို့ခေါ်ပြီး Yeztugo ခေါ်တဲ့ကာကွယ်ဆေးကို ခြောက်လခြားစီထိုးပြီး ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
လေ့လာမှုနှစ်ခုအရ Lenacapavir ကာကွယ်ဆေးက အမျိုးသမီးတွေမှာ ၉၆ ရာခိုင်နှုန်းထိရောက်မှုရှိတယ်လို့ သိရပါတယ်။ အမျိုးသားတွေမှာတော့ ရာနှုန်းပြည့်ထိရောက်မှုရှိတယ်လို့လည်း ဆိုပါတယ်။
ဒီနေ့ခေတ် လူသားသန်းပေါင်းများစွာကိုသေကျေစေခဲ့တဲ့ အေအိုင်ဒီအက်စ်ရောဂါဆိုးကို ကာကွယ်နိုင်မယ့် HIV ဗိုင်းရပ်ကို ကာကွယ်ဆေးက ဆေးလောကရဲ့အောင်မြင်မှု မှတ်တိုင်တစ်ခုလို့လည်း နိုင်ငံတကာဆေးပညာရှင်တွေက ဆိုကြပါတယ်။
Ref, Time
