၁၉. ၆. ၂၀၂၅
Written by Nay Moe
မြင်းခြံ PDF များက အသက် ၈ နှစ်မှ ၁၄ နှစ်ကြား ကျောင်းသားလူငယ်များကို PDF ထဲဝင်ရန် ခြိမ်းခြောက်ခေါ်ယူသည်ကို ဒေါ်သီတာယုမွန်ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က အချိန်မီ ကယ်တင်တားဆီးနိုင်ခဲ့သည်ဟု ယနေ့နံနက်ပိုင်းက လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်ရုပ်သံအရ သိရသည်။
အသက် ၁၄ နှစ်အရွယ် ကျောင်းမနေသူလူငယ်တစ်ဦးက ဦးဆောင်လာပြီး ၄ တန်းမှ ၆ တန်းကြား ကျောင်းသားများဖြစ်သည့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ၁၁ နှစ်သား ကလေးငယ် သုံးဦးနှင့် ၁၂ နှစ်သား ကလေးငယ်တစ်ဦးတို့ကို PDF ထဲဝင်ရန် ခြိမ်းခြောက်ကာ တောရွာသို့ လာရောက်ရန်နှင့် မလာပါက သတ်မည်ဟု ခြိမ်းခြောက်ထားသည်ဟုလည်း ဖျားယောင်းခံကလေးငယ်များက ဖြေဆိုသည်ကို တွေ့ရသည်။
၂၀၂၅ ဒီဇင်ဘာတွင် ရွေးကောက်ပွဲလုပ်မည်ဟု SAC ဘက်က ကြေညာထားသလို NUG ကလည်း အထွေထွေထိုးစစ်ဆင်နွှဲမည်ဟု ကြေညာထားပြီး ထို ထိုးစစ်ဆင်နွှဲရန် ကြံရွယ်နေချိန် PDF များ အသေအပျောက်များလာမှုနှင့် ထွက်ပြေးမှုကြောင့် ယခုကဲ့သို့ အရွယ်မရောက်သေးသော ကလေးငယ်များပါ PDF အဖြစ် ခြိမ်းခြောက်ခေါ်ယူ စုဆောင်းမှု မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားနေသည်။
