၁၈.၆.၂၀၂၅
Written By Thandar
အနုပညာလောကမှာ အားပေးမှု အခိုင်အမာရရှိထားတဲ့ မင်းသမီး အကယ်ဒမီဖွေးဖွေးက “ Date With Me ” Season 2 မှာ အပျိုကြီးလို့ စခေါ်ခံရတဲ့အရွယ်တစ်ခုရောက်လာပြီမို့ လူသိရှင်ကြား Date လို့ရအောင်လက်ခံဖြစ်တာပါလို့ ဖွင့်ဟလာပါတယ်။
“Date With Me ” Season 2 မှာ ဖွေးတောင် Unseen တွေဆိုတော့ ဘာမှသိပ်မသိဘူး။ ရိုက်ကွင်းနေရာ ရောက်ရမှာဆိုတော့လေ။ ဖွေး မထင်မှတ်လောက်ဘဲနဲ့ အရမ်း enjoy ဖြစ်တယ်။ ပရိသတ်တွေ ထိတွေ့ရတဲ့အချိန်မှာ ပျော်ဖို့ကောင်းတယ်။ အရင်တုန်းက နယ်လှည့်ပြီး ရုပ်ရှင်ပရိုမိုရှင်းတွေကလုပ်တော့ တွေ့ရတာလေ။ ကိုယ်ချစ်လို့ ရွေးထားတဲ့အထဲကမှ ဆန်ကာတင်ပါတဲ့သူတွေနဲ့ တွေ့ရတော့ Love Energy တွေရတယ်။ ဖွေး ဒီထက်ငယ်တဲ့ အချိန်ဆိုရင်တော့ လက်ခံဖြစ်ချင်မှ လက်ခံဖြစ်မယ်။ ခုကြတော့ ကိုယ့်ကို အပျိုကြီးလို့ စနေကြပြီမို့ လူသိရှင်ကြားပဲ Date လိုက်ပါမယ်ဆိုပြီးတော့ လက်ခံဖြစ်တာပါ။ ဒီအရွယ်ရောက်မှ Date အတွက် ရင်ခုန်သလို ပျော်ဖို့လည်း ကောင်းတယ်လေ။ ဖွေးနဲ့ Date ချင်ရင် ဖွေးကိုချစ်ရမယ် စိတ်ထားကောင်းရမယ်”လို့ အကယ်ဒမီ ဖွေးဖွေးက ပြောပါတယ်။
သူမကတော့ TV Game Program တွေအနေနဲ့ ပထမဦးဆုံး “ Date With Me ”ကို စတင်လက်ခံဖူးခဲ့တာလို့လည်း ဆိုပါတယ်။ ဖွေးဖွေးကတော့ အနုပညာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတာမို့ မကြာခင်ရုံတင်လာဖို့ရှိတယ်လို့လည်း သိရပါတယ်။
#ဖွေးဖွေး #PhwayPhway #MyanmarCele #MyanmarActress #DateWithMe #Season2 #CeleDate #MEnatertainmentChannel


