၁၆. ၆. ၂၀၂၅
Written by Tha Doe
NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဦးမိုးဇော်ဦး လိုက်ပါချီတက်မည့် လော့စ်အိန်ဂျယ်မြို့ သုံးမိုင်လမ်းလျှောက်ပွဲကို အမေရိကန်တွင်ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကြောင့် လမ်းလျှောက်သူမြန်မာများကို အမေရိကန်အစိုးရက ဗီဇာပိတ်သိမ်း ပြန်ပို့မည်ကို ကြောက်ရွံ့၍ မလုပ်ရဲကြတော့ဘဲ ရက်ရွှေ့မည်ဟုဆိုသဖြင့် ဒေါ်ဇင်မာအောင်တို့လူစုမှာ ဓာတ်ပုံရိုက်ပြီး ပြန်သွားခဲ့ရသည်ဟု သိရသည်။
လာမည့် ဇွန်လ ၁၉ ရက်တွင် အသက် ၈၀ ပြည့်မည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲအတွက် လော့စ်အိန်ဂျယ်မြို့ Long Beach ကမ်းခြေတွင် လော့စ်အိန်ဂျယ်နေ မြန်မာပြည်ဖွားများကို လူတစ်ဦး ဒေါ်လာ ၅၀ ကောက်၍ ဇွန်လ ၁၅ ရက်နေ့တွင် သုံးမိုင်လမ်းလျှောက်ကြမည်ဟု ကဗျာဆရာတင်မိုး၏သမီး မိုးချိုသင်းနှင့် ခင်ပွန်းဖြစ်သူ ကိုကျော်ဝဏ္ဏတို့ဦးဆောင်သော PDF ထောက်ပို့အဖွဲ့က ဦးဆောင်စီစဥ်ခဲ့ကြသော်လည်း အမေရိကန်တွင်ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကြောင့် လမ်းလျှောက်သူမြန်မာများကို အမေရိကန်အစိုးရက ဗီဇာပိတ်သိမ်းမည်ကြောက်ရွံ့၍ မလုပ်ရဲကြတော့သဖြင့် ဒေါ်ဇင်မာအောင်တို့လူစုမှာ ဇွန်လ ၁၄ ရက်ညပိုင်းတွင် ကယ်လီဖိုးနီးယားရှိ 1842 Valinda Ave, La Puente, CA 91744 တွင်ပြုလုပ်သော တောင်ပိုင်းမိသားစုတွေ့ဆုံပွဲတွင်သာ ဓာတ်ပုံရိုက်ပြီး ပြန်သွားခဲ့ရခြင်းဖြစ်သည်။
ပြည်ပရောက် ထောက်ပို့များအနေဖြင့် ပြည်သူများလှူဒါန်းငွေကို ကိုယ်ကျိုးရှာ ခိုးယူသုံးစွဲမှုများဖြင့် နာမည်ပျက်နေသလို ပြည်တွင်းနေသူများကို ပန်းပန်ခိုင်းခြင်း၊ လက်သုံးချောင်းထောင်ခိုင်းခြင်း၊ Silent သပိတ်လုပ်ခိုင်းခြင်း၊ ဆိုင်ပိတ်ခိုင်းခြင်း စသဖြင့် မြှောက်ပင့်ခြိမ်းခြောက် ခိုင်းစေနေပြီး မလုပ်ပါက ဒလန်ဟုသတ်မှတ်ကာ သတ်ဖြတ်နေသော်လည်း ယင်းတို့အလှည့်တွင်မူ လမ်းလျှောက်ရန်ကိုပင် ကိုယ်ကျိုးစီးပွားထိခိုက်မည်ဖြစ်၍ မလုပ်ဆောင်ရဲမှုကိုလည်း ဦးဆောင်သူ မိုးချိုသင်းနှင့် ကိုကျော်ဝဏ္ဏတို့လင်မယား၏ ပို့စ်အောက် ဝိုင်းဝန်းဝေဖန်နေကြသည်ကိုလည်း တွေ့ရသည်။
