
၁၅.၆.၂၀၂၅.
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံတွင် ကီဒါနတ်မြို့ရှိ ဟိန္ဒူဘုရားကျောင်းသို့ ဦးတည်ပျံသန်းလာသော ရဟတ်ယာဉ်တစ်စီးမှာ အတ္တရာခန်ပြည်နယ်အတွင်း ရူဒရာပရာရတ်ခရိုင်၌ ဇွန်လ ၁၅ ရက်၊ နံနက် ၅ နာရီ မိနစ် ၂၀ ခန့်က ပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါသူ ခုနစ်ဦးစလုံး အသက်ဆုံးရှုံးဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
အတ္တရာခန်ပြည်နယ် ဝန်ကြီးချုပ် ပွတ်ရှ်ကာ ဆင်း ဒါမီက ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များကိုလည်း ဖြန့်ခွဲဆောင်ရွက်လျက်ရှိကြောင်း ပြောခဲ့သည်။

၎င်းက “ရူဒရာပရာရတ်ခရိုင်အတွင်းမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျတဲ့ သတင်းကို လက်ခံရလိုက်တော့ အထူးပဲ စိတ်မကောင်းဖြစ်မိတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း စေလွှတ်ထားတယ်။ ခရီးသည်တွေအားလုံး ဘေးကင်းဖို့ဆုတောင်းနေပါတယ်” ဟု ပြောကြားခဲ့သည်။
ရဟတ်ယာဉ်က Aryan လေကြောင်းပျံသန်းရေးကုမ္ပဏီပိုင် ရဟတ်ယာဉ်တစ်စင်းဖြစ်ပြီး ဂေါရီကွန်မြို့နှင့် ထရီယူဂီနာရာရန်မြို့များအကြား ပျက်ကျခဲ့ကာ ရဟတ်ယာဉ်ပေါ်တွင် ခရီးသည်ခြောက်ဦးပါရှိကြောင်း ကုမ္ပဏီက အတည်ပြုခဲ့သည်။

ရှေးဦးသတင်းများအရ ဒေသအတွင်း ရာသီဥတုဆိုးဝါးမှုကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့သည်ဟု ယူဆရကြောင်း သိရသည်။
Ref- News18
