၁၀. ၆. ၂၀၂၅
Written by Nay Moe
ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာမှာ တိုက်လေယာဉ်တစ်စင်းပျက်ကျတယ်ဆိုတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ဒီနေ့ ထွက်ပေါ်လာပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာဟာ ပုလဲနဲ့ ဂန့်ဂေါလမ်းဆုံမှာရှိပြီး အနီးပတ်ဝန်းကျင်မှာလည်း ပြည်သူ့စစ်ရွာတွေဖြစ်တဲ့ အင်မထီးနဲ့ ဇီးဖြူကုန်းတို့ရှိနေသလို အချက်အခြာကျတဲ့နေရာဖြစ်တာကြောင့် ဇွန်လ ၂ ရက်ကစပြီး PDF တပ်ပေါင်းစု အဖွဲ့ ၃၀ ကျော်က တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို စစ်ကူလာတဲ့ တိုက်လေယာဉ်ပျက်ကျခဲ့တာလို့ ပျံ့နှံ့နေတဲ့ ရုပ်သံမှာ တွေ့ရပြီး ပျက်ကျတိုက်လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို လက်နက်ကိုင်ထားတဲ့ PDF တွေက လိုက်လံကောက်ယူနေတာ တွေ့ရသလို ဘုန်းကြီးကျောင်းတစ်ခုကိုလည်း မီးလောင်လျက်သား ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တိုက်လေယာဉ်ပျက်ကျခဲ့မှုရှိမရှိ MT News က ဆက်လက် အတည်ပြုနေပါတယ်။