
၁၀.၆.၂၀၂၅
Written By Thandar
Mee Mee Away Production က ဟာသ ဒရာမာ သရဲဇာတ်လမ်းပုံစံ “ရက်ရာဇာ” ရုပ်ရှင်ကားကြီး ကန်တော့ပွဲပေး အခမ်းအနားကို ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။
“ဟာသ ဒရာမာ သရဲဇာတ်လမ်းပုံစံလေးပါ။ ဒီဇာတ်ကားမှာ မြက စိတ်ဝေဒနာသည် ကောင်မလေးတစ်ယောက်နေရာက ပါဝင်ရမှာပါ။ ဇာတ်လေးက သရုပ်ဆောင်တွေ တော်တော်များများ လူစုံကြတယ်ဆိုတော့လေ ပရိသတ်အကြိုက်တွေ့မယ့် ဇာတ်လေးပါ။ မြကတော့ ကိုကျော်ထက်အောင်နဲ့ တွဲဖက် သရုပ်ဆောင်ရမှာပါ”လို့ သရုပ်ဆောင် မြယာက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ဖြိုးသဉ္ဇာကျော်၊ DOP လင်းသိန်း၊ ရိုက်ညွှန်း စွမ်းပိုင်၊ AD စိုပြေနဲ့ကိုတင်မောင်ဖြစ်ပြီး ဒါရိုက်တာ သားညီက လာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့နဲ့ ပြည်နယ်ဒေသတချို့မှာ ဟာသ ဒရာမာ သရဲဇာတ်လမ်းပုံစံ ရိုက်ကူးဖော်သွားမယ်လို့ သိရပါတယ်။
အနုပညာရှင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ရှိန်းတင်ထူး၊ တင်မောင်ဆန်းမင်းဝင်း၊ Vitamin၊ ဆုပန်ထွာ၊ ဝေလာရီ၊ ထက်ထက်ထွန်း၊ မြယာ၊ မေမီဇင်လင်း၊ အနှစ် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
#KyawHtetAung #HtetHtetHtun #WaiLarRi #TinmgSanminwin #Vitamin
#MeeMeeAmay #ရက်ရာဇာရုပ်ရှင်ကားကြီး
#ကန်တော့ပွဲပေးအခမ်းအနား











