၉. ၆. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံသားများ သွားရောက်ဝယ်ယူမှုများသည့် ထိုင်းနိုင်ငံ၊ ပထုန်ဝမ်းရှိ စျေးဝယ်စင်တာတစ်ခုမှ LV၊ Dior၊ Hermes၊ Gucci နှင့် Balenciaga အပါအဝင် နာမည်ကြီးအမှတ်တံဆိပ်ဖိနပ်အတု ဘတ် ၁၀ သန်းကျော်ဖိုး ဖမ်းမိခဲ့သည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပထုန်ဝမ်းခရိုင် စီးပွားရေးဆိုင်ရာရာဇဝတ်မှုနှိမ်နင်းရေးဌာန (ECD) ရဲတပ်ဖွဲ့နှင့်အတူ ဉာဏပစ္စည်းမူပိုင်ခွင့်ဌာနမှ အရာရှိများသည် ဇွန်လ ၈ ရက်နေ့က ဘန်ကောက်မြို့၊ ပထုန်ဝမ်းရိုင်ရှိ နာမည်ကြီး ကုန်တိုက်တစ်ခုအား ဝင်ရောက်စီးနင်းခဲ့ရာ ကုန်တိုက်၏ ကားပါကင်တွင် ဝှက်ထားသော ဖိနပ်အတုအပကုန်ပစ္စည်းများ သိုလှောင်ရုံကို ဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါ ဖိနပ်အတုအပ ကုန်ပစ္စည်းများ သိုလှောင်ရုံမှ ကမ္ဘာကျော် အမှတ်တံဆိပ် ဖိနပ်များဖြစ်ပြီး တစ်ရံလျင် အနည်းဆုံး ကျပ်သိန်းဂဏန်းမှ သိန်းရာဂဏန်းအထိ တန်ဖိုးရှိသော Dior, Louis Vuitton, Hermès, Gucci, Nike, Adidas, New Balance, နှင့် Balenciaga အပါအဝင် အတုအပ ဖိနပ်များ စုစုပေါင်း ဖိနပ်အရံ ၂,၆၁၀ တွေ့ရှိခဲ့ပြီး ၎င်းတို့၏တန်ဖိုးမှာ ဘတ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၃၀၅,၀၆၀) ကျော် တန်ဖိုးရှိသည်။
ဖမ်းဆီးစစ်ဆေးသည့် အရာရှိများသည် လက်ရှိတွင် မစ္စနိပါပွန်း (၄၄ နှစ်)၊ မစ္စတာ စီဝနတ် (၃၂ နှစ်) နှင့် မစ္စတာ ဝမ်ချိုင်း (၆၀ နှစ်) တို့အား ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား ထိုင်းဘုရင့်နိုင်ငံတော်တွင် မှတ်ပုံတင်ထားပြီးဖြစ်သော အခြားသူများ၏ ကုန်ပစ္စည်းများ အတုအပရောင်းချမှုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ပထုန်ဝမ်းခရိုင်သည် Shopping ထွက် မြန်မာများ သွားလာမှုများသော Siam Paragon, MBK, Central World, Platinum, Siam Center, Big C, Siam Square စသည့် နာမည်ကျော်စျေးဝယ်စင်တာ ၂၀ ကျော်ရှိသော မြို့လယ်ဧရိယာဖြစ်ကာ အဆိုပါစင်တာများမှ မြန်မာနိုင်ငံသားများကို ပစ်မှတ်ထားသော ကမ္ဘာကျော်အမှတ်တံဆိပ် ကုန်ပစ္စည်းအတုများ မကြာခဏ ဖမ်းဆီးမိလေ့ရှိသည်။
Ref, Khaosod


