
၇.၆.၂၀၂၅
Written By Zun
Stars & Models မော်ဒယ်အေဂျင်စီ တည်ထောင်သူ ဂျွန်လွင်ကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေသည်မှာ မှန်ကန်ကြောင်း ဂျွန်လွင်နှင့် နီးစပ်သူတစ်ဦးက MT News ကို အတည်ပြု ပြောဆိုသည်။
“ခေါ်စစ်နေတာ ဟုတ်ပါတယ်”ဟု ယင်းက ပြောသည်။
လူမှုကွန်ရက်တွင် ဂျွန်လွင်ကို ခေါ်ယူစစ်ဆေးနေကြောင်း ရေးသားနေကြသည့်အပေါ် MT News က မေးမြန်းကြည့်စဉ် အထက်ပါအတိုင်း ပြန်လည် ပြောပြခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ဂျွန်လွင် အသုံးပြုနေသော လက်ကိုင်တယ်လီဖုန်းလည်း ပိတ်ထားသောကြောင့် ဆက်သွယ်၍မရ ဖြစ်နေကြကြောင်းလည်း ယင်း နီးစပ်သူက ပြောသည်။
လူမှုကွန်ရက်တွင် လက်ရှိ ထွက်ပေါ်နေသည့် သတင်းများအရ ဂျွန်လွင်ကို ခေါ်ယူစစ်ဆေးခြင်းမှာ အဆိုတော် ချမ်းချမ်း အွန်လိုင်းက ရောင်းချသည့် ပစ္စည်းများနှင့် ဆက်စပ်ကြောင်း၊ ယင်းအပြင် အကြမ်းဖက်ထောက်ပို့ကိစ္စများလည်း ပါဝင်ကြောင်း ကနဦး သိရသည်။
အဆိုတော် ချမ်းချမ်း၏ ခိုင်းစေမှုဖြင့် ပူးပေါင်းလုပ်ဆောင်နေသူများကို ဖမ်းမိကြောင်း ပြီးခဲ့သည့် ဇွန်လ ၂ ရက်က နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အွန်လိုင်းမှတရားမဝင် ကုန်ပစ္စည်းတင်သွင်းရောင်းချကာ အကြမ်းဖက် အဖွဲ့များကို ထောက်ပံ့နေသည့် အဆိုတော် ချမ်းချမ်း၏ ခိုင်းစေမှုဖြင့် ပူးပေါင်းဆောင်ရွက်နေသောမန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်၊ အောင်နန်းရိပ်သာအရှေ့ ရပ်ကွက်၊ ၈၁x၈၂ လမ်းကြား၊ ၃၃ လမ်းနေ Treasure Hnin Online Shop လုပ်ငန်း လုပ်ကိုင်သူ ဖြူဖြူ နှင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၅၄ ရပ်ကွက်၊ ချယ်ရီ ၁ လမ်းနှင့် ရွှေသပြေလမ်းထောင့်၊ အမှတ်(၃/က)နေ ဘုန်းမြင့်အောင် တို့ကို ဖမ်းမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန် ယချက်တွင် ဖော်ပြထားသည်။
ချမ်းမြငြိမ်း(ခ)ချမ်းချမ်း (အဆိုတော်)သည် နိုင်ငံ့ဝန်ထမ်းများ (Disloyalty Civil Servant DCS) လှုပ်ရှားမှုတွင် ပါဝင်ရန် လှုံ့ဆော်ခြင်း၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ဆူပူအုံကြွမှုဖြစ် ပေါ်ရန် Social Media များမှတစ်ဆင့် Post တင်ရေးသားခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံ ထားရပြီး ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသူ ဖြစ်ကြောင်း သိရသည်။
၎င်း၏ ခိုင်းစေချက်အရ ပြည်ပမှ တရားမဝင်တင်ပို့လိုက်သော နိုင်ငံခြားဖြစ်ပစ္စည်းများကိုအခကြေး ငွေဖြင့် ထပ် ဆင့် ဖြန့်ဝေရောင်းချခြင်း၊ ငွေကြေးကောက်ခံပေးခြင်းနှင့် ချမ်းမြငြိမ်း(ခ)ချမ်းချမ်း ပေးပို့စေလိုသော အကြမ်းဖက် အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ ပေးခြင်းများ ဆောင်ရွက်ရကြောင်း ဖမ်းခံရသူများ၏ ထွက်ဆိုချက် အရ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းအပြင် NUG/PDF အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့နိုင်ရန် လူမှုကွန်ရက်များပေါ်တွင် တရားမဝင် ဈေးရောင်းချနေသည့် ပန်ဆယ်လို အကောင့်ပိုင်ရှင် အိမ့်ပိုးဥ၊ Ma Irene အကောင့်ပိုင်ရှင် အိုင်ရင်း၊ ShweNadi အကောင့်ပိုင်ရှင် သင်းသင်းနွယ်၊ Zune Nilar Htay အကောင့်ပိုင်ရှင် ဇွန်နီလာဌေး၊ Aung Thaw အကောင့်ပိုင်ရှင် အောင်သော်၊ Khaing Su Lwin အကောင့်ပိုင်ရှင် DCS ဆရာမ ခိုင်စုလွင်၊ P&H Fashion အကောင့်ပိုင်ရှင် ထက်နီနီသန်း၊ Tr Chan Chan အကောင့်ပိုင်ရှင် ချမ်းမြမြသော် စသည့် လူမှုကွန်ရက်အ ကောင့် များနှင့် ချိတ်ဆက်ခြင်း၊ ရောင်းချသည့် ပစ္စည်းများကိုဝယ်ယူခြင်း၊ တစ်ဆင့်ခံပြန်လည်ရောင်း ချခြင်း နှင့် ထိုသို့ဆောင်ရွက်နိုင်ရန် နည်းလမ်း တစ်ခုခုဖြင့် ကူညီဆောင်ရွက်နေသူများကိုလည်း အကြမ်းဖက် ဥပဒေ နှင့်အ ညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
ဂျွန်လွန် စစ်ဆေးခံနေရသည် ဆိုသည့် ဖြစ်ရပ်နှင့် ဆက်နွှယ်သည့်သတင်းများကိုလည်း MT News က ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။