



၇.၆.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တင်းမာမှုတွေမြင့်တက်လာပြီးတဲ့နောက်နှစ်ဖက်စစ်တပ်တွေ နှစ်နိုင်ငံနယ်စပ်ကိုရောက်ရှိလာတဲ့အထိ ဖြစ်လာခဲ့တာမှာ နယ်စပ်ဒေသနေ ပြည်သူတွေအဖို့ စစ်ပွဲဖြစ်ပွားမယ့်အခြေအနေကို စိုးရိမ်လာနေကြရပါတယ်။
ထိုင်းနိုင်ငံရဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ယူဘုံ ရတ်ချာသာနီ ပြည်နယ်အတွင်းမှာတော့ နယ်စပ်အနီးမှာရှိတဲ့ကျောင်းတစ်ကျောင်းက ကျောင်းသားတွေနဲ့ ကျောင်းဝန်ထမ်းတွေဟာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ကာကွယ်တဲ့အနေနဲ့ ကျောင်းပတ်ဝန်းကျင်မှာ ဘန်ကာတွေ ဆောက်လုပ်နေကြတာ ကို တွေ့ရပါတယ်။
ဝါရင်ချမ်ရတ်ခရိုင် အတွင်းရှိ အဲဒီကျောင်းမှာ အခြေအနေပိုဆိုးလာခဲ့ရင် အရေးပေါ်ကယ်ဆယ်ရေးစီမံချက်တွေကိုပါ ပြင်ဆင်ဆောင်ရွက်ထားပါတယ်။
နှစ်နိုင်ငံစလုံးက နယ်စပ်မှာ တပ်လှန့်မှုတွေ ပြုလုပ်ထားကြပြီး တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အလားအလာ တွေရှိနေတာကြောင့် ဒေသခံပြည်သူတွေ၊ အထူးသဖြင့် နယ်စပ်အနီးကျောင်းတွေမှာ ကြိုတင်ကာကွယ်မှုအတွက် ပြင်ဆင်နေကြတာပါပဲ။
အာဏာပိုင်တွေကတော့ နယ်စပ်ဒေသနေ ပြည်သူတွေအနေနဲ့ အေးဆေးစွာနေထိုင်ကြပြီးကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားဖို့ တိုက်တွန်းထားပါတယ်။
Ref- Bangkok Post