




၅.၆.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံက ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိတဲ့ အလှမယ်တွေကို ရွေးချယ်ပေးတဲ့ Miss Grand Myanmar 2025 ပြိုင်ပွဲကြီးအတွက် တိုင်းနဲ့ ပြည်နယ်ကိုယ်စားပြုအလှမယ် ၂၇ ဦး မိတ်ဆက်ပွဲကို ယနေ့ ဇွန်လ ၅ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ The Eravati SuleGrand Yangon Hotel မှာ ကျင်းပခဲ့ပါတယ်။
“Miss ပြိုင်ပွဲ ဖြစ်မြောက်အောင် ကူညီပေးကြတဲ့ Sponsor တွေ အားလုံးနဲ့ Grand Final ထိသွားမယ့် ခြေလှမ်းတိုင်းမှာ ကူညီပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပွဲပြီးထိတိုင်အောင် ပါဝင်ပေးကြမယ့် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ Miss Grand Myanmar က အလှမယ်ပွဲတစ်ခုတည်းတင်မဟုတ်ဘဲ လှပမှု၊ တက်ကြွမှုတွေနဲ့ နိုင်ငံ့ဂုဏ်ဆောင်သူကိုရွေးချယ်သွားမှာပါ။ Miss Grand Myanmar ကို အပြုသဘောဆောင်ပြီး အကြံဉာဏ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်”လို့ Miss Grand Myanmar ရဲ့ National Director မရန်ဆိုင်းနော်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာတော့ Miss Grand International 2023 1st Runner Up ဆုရှင် နီနီလင်းအိမ်၊ အဆိုတော် The Sai စတဲ့သူတွေ တက်ရောက်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ကြမယ့် တိုင်းနဲ့ပြည်နယ်အသီးသီးကိုယ်စားပြုအလှမယ်တွေ မိတ်ဆက်ခဲ့သလို City Director တွေနဲ့ Sponsor တွေကို ဂုဏ်ပြုဆုလက် ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲကြီးရဲ့ Pre-arrival Top 5 Dinner with ND ကို ဇွန် ၃ ရက်က ကျင်းပခဲ့ပြီး Swimsuit Competition ကို လာမယ့် ဇွန် ၈ ရက်မှာကျင်းပမှာဖြစ်ပါတယ်။ ဒါ့ပြင် ဇွန်လ ၁၀ ရက်မှာ Runway Challenge ကျင်းပခြင်း ဇွန်လ ၁၂ ရက်မှာ Talent Competition & Grand Voice Audition ကျင်းပခြင်၊ ဇွန်လ ၁၆ ရက်မှာ National Costume Competition အပြင် ဇွန်လ ၁၉ ရက်မှာတော့ Preliminary Competition ကို ပြိုင်ပွဲ အဆင့်ဆင့်ကျင်းပမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ကိုယ်စားပြုအနေနဲ့ ရွေးချယ်ပေးမယ့် Miss Grand Myanmar 2025 Final Night ပြိုင်ပွဲကြီးကို လာမယ့် ဇွန်လ ၂၁ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့၊ ရွှေထွဋ်တင်ဝန်းရှိ Hexagon Complex မှာကျင်းပမှာဖြစ်ရာ အလှမယ်တွေရဲ့ ရင်သပ်ရှုမောစရာ အလှတရားတွေ ငေးမောရမယ့် ဖက်ရှင်တွေနဲ့အတူ New Queen ရဲ့ Crowning Moment တွေကိုပါ မြင်တွေ့ရမယ်လို့ သိရပါတယ်။
