၅.၆.၂၀၂၅
Written By Thandar
Mahar Application က ပြသမယ့် အချစ်၊ အလွမ်း၊ အမုန်း၊ အငြိုး၊ ကလဲ့စားတွေပါဝင်တဲ့ “အချစ်မှာ အပြစ်ရှိသည်” ဇာတ်လမ်းတွဲမှာ ချစ်စရာကောင်းတဲ့ သွက်သွက်လက်လက်ကောင်မလေးဆိုပေမယ့် အချစ်နဲ့ပတ်သက်ရင် အမျက်ကြီးသူတစ်ယောက်နေရာက ပါဝင်ထားတယ်လို့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေက ပြောပါတယ်။
“ဒီကားမှာ ပါဝင်ဖို့ Bo Bo Film ရယ် Mahar ရယ်က တုတုလုပ်နိုင်မယ့် ကာရိုက်တာဆိုပြီး ကမ်းလှမ်းတဲ့အတွက် လက်ခံဖြစ်တာ။ တကယ့်ဝါရင့် သဘာရင့်သရုပ်ဆောင်တွေနဲ့ ကိုမြင့်မြတ်၊ မမိုးဟေကို စတဲ့သူတွေနဲ့ တွဲပြီးသရုပ်ဆောင်ခွင့်ရတယ်။ ဒီအတွက်လည်း ပီတိဖြစ်ရပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာ ကောင်မလေးက ချစ်ဖို့ကောင်းတယ်။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်လေးပဲ။ အချစ်နဲ့တွေ့ပြီး နောက်ပိုင်းမှာ အမျက်ကြီးတယ်ဆိုတဲ့ ပုံစံလေးနဲ့ တုတုကိုတွေ့ရမှာပါ။ ရှုပ်ပွေတဲ့ ယောကျ်ားတစ်ယောက်ထဲကို ချစ်မိသွားတဲ့ ညီအမနှစ်ယောက်ရဲ့ ဒီဇာတ်လမ်းထဲက ပုံစံမျိုး အပြင်မှာ ရှိမလားဆိုတာ တုတုတော့ မမြင်ဖူးတော့မရှိဘူး ထင်မိပါတယ်။ ဒီဇာတ်ကားထုတ်လွှင့်ပြသရင်လည်း ကြည့်ရှုပြီး လိုအပ်ချက်ရှိရင် ပြောလို့ရပါတယ်”လို့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ညီအောင်ညီနဲ့ သုတတို့ကရေးသားပြီး ရိုက်ကွင်းဇာတ်ညွှန်း ညာလက်တော်၊ တွဲဖက်ဒါရိုက်တာ နေလင်း၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ ချာလီ၊ မိုးဟေကို၊ ဆောင်းဝတ်ရည်မေ၊ မင်းသူ၊ ကျော်ထက်၊ နေဆန်း၊ ဘုန်းလျှံ၊ ဇင်မျိုး၊ ဒေါင်းဝေ၊ ခွန်းနေကြည်ချို၊ လှမျိုးသဥ္ဇာနွယ်၊ မိုးခမ်း၊ ရွှေအိမ်မင်း၊ စင်သီယာ၊ ဟန်လေးစတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။
“အချစ်မှာ အပြစ်ရှိသည်”ဇာတ်လမ်းတွဲကိုတော့ လာမယ့် ဇွန်လ ၇ ရက် အပတ်စဉ် သောကြာနေ့ကနေ တနင်္လာနေ့အထိ ည ၆ နာရီမှာ Mahar Application နဲ့ Mahar TV Channel က ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
#ဆောင်းဝတ်ရည်မေ #SaungWuttYeMay #MyintMyat #MoeHayKo #CharLi #MaharApplication #MaharTVChannel #freeဇိမ်ဖြင့်ကြည့်ရှုနိုင်ပါပြီ!






