၄.၆.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း၊ ဖာရစ်ပူရ်ပြည်နယ်၊ ဘန်ဂါခရိုင်ခွဲအတွင်းမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးနဲ့ မာဟင်ဒရာ သုံးဘီးယာဉ်တစ်စီးတို့ အဝေးပြေးလမ်းမကြီးပေါ်မှာ ခေါင်းချင်းဆိုင်တိုက်မိကြမှုတစ်ရပ် ဇန်နဝါရီလ ၄ ရက် နံနက်က ဖြစ်ပွားခဲ့ရာမှာ လူငါးဦးသေဆုံးပြီး အခြားလေးဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဖြစ်ရပ်မှာ ဒက်ကာမြို့ကို ဦးတည်မောင်းနှင်လာတဲ့ ဘတ်စ်ကားက တီကာဟတ်မြို့ကို ဦးတည်မောင်းနှင်လာတဲ့ မာဟင်ဒရာ သုံးဘီးယာဉ်ဘေးဘက်ကို ဝင်တိုက်မိခဲ့ရာက သုံးဘီးယာဉ်က တိမ်းမှောက်ခဲ့ရတာလို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
သုံးဘီးကားပေါ်လိုက်ပါလာသူလေးဦးကတော့ နေရာမှာပဲ သေဆုံးခဲ့ကြပါတယ်။ အခြားငါးဦးကို ဒဏ်ရာတွေနဲ့ ဘန်ဂါခရိုင်ခွဲဆေးရုံကို တင်ပို့ခဲ့ရပြီးတစ်ဦးမှာ ဒဏ်ရာတွေနဲ့ ထပ်မံသေဆုံးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဟာဉ်တိုက်မှုသတင်းကိုရရချင်း ဘန်ဂါခရိုင်ခွဲ မီးသတ်တပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့တို့က နံနက် ၇ နာရီလောက်မှာ ဖြစ်စဉ်ဖြစ်ပွားရာနေရာကို ရောက်လာကြတာပါ။ ယာဉ်တိုက်မှုကတော့ နံနက် ၆ နာရီလောက်မှာဖြစ်ခဲ့တာပါ။
ဒဏ်ရာရရှိလို့ ဆေးရုံတင်ပို့ထားရတဲ့ လူနာကလည်း လေးဦးအခြေအနေကလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။
Ref- Business Standard
