MT News
၃. ၆. ၂၀၂၅
တိုင်းပြည်အမြန်ဆုံးဖွံ့ဖြိုးတိုးတက်နိုင်မည်ဟု ပညာရှင်များတွက်ဆထားသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို လက်မခံလိုသော KNU နှင့် PDF များက တနင်္သာရီတိုင်းဒေသကြီးအတွင်း နေရာအနှံ့တိုက်ပွဲများဖော်ဆောင်ရာမှ PDF တို့ ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီး ထိမှန်မှုကြောင့် လောင်းလုံးမြို့နယ်တွင် လေးနှစ်သမီးငယ်တစ်ဦး သေဆုံးခဲ့ရသည်။
ဖြစ်စဥ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာသို့ PDF အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ဇွန်လ ၁ ရက် ညနေ ၄ နာရီခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မမိုးမိုး(ခ)နှင်းရွှေမှုံ(၄)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
