MT News
၃. ၆. ၂၀၂၅
PDF များက လက်နက်ကြီးဖြင့် ဝသုန္ဒရရွာအတွင်းပစ်ခတ်သဖြင့် နှစ်နစ်သားကလေးငယ်သေဆုံးကာ လေးဦးဒဏ်ရာရမှု ဇွန်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာသို့ PDF အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မောင်ကာရံမိုး(၂)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်အာကာမိုး(၁၂)နှစ်၊ ဒေါ်နွယ်နွယ်ဦး(၄၂)နှစ်၊ ဦးကျော်မိုး(၃၇)နှစ်၊ ဦးနေရှိုင်း(၂၉)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ရဟန်း၊ သံဃာ၊ သီလရှင်၊ ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူများအပြင် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း ၁၀၀၀၀ ခန့်ကို “ဒလန်၊ သူလျှို၊ ပျူစောထီး၊ သတင်းပေး၊ နစကယန္တရားလည်ပတ်စေသူ” စွပ်စွဲချက်ဖြင့် NLD/CRPH/NUG/PDF/EAOs တို့က သတ်ဖြတ်ထားသလို ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အဦ ၁၅၀၀၀ ခန့်ကိုလည်း တိုက်ခိုက်ဖျက်ဆီးထားကြောင်း သိရသည်။




