၂. ၆. ၂၀၂၅
Written by Nay Moe
NUG ဩဇာခံ ယင်းမာပင်တပ်ရင်းမှူးဗိုလ်စွမ်းရဲ့ မိဘနှစ်ပါးကို PDF တွေက ခေါင်းငုံ့ထိုင်ခိုင်းပြီး ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေလုယက်မှုဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်း (ခ) စွမ်းသူမောင်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒီနေ့မှာ ဗိုလ်စွမ်းအကောင့်က ရေးသားပြီး ပြန်ဖျက်လိုက်တဲ့ ပို့စ်မှာ ဗိုလ်စွမ်းမိဘတွေနေထိုင်ရာနေရာဆီကို မေလ ၃၁ ရက်မှာ PDF တွေရောက်လာပြီး လုယက်သွားတာဖြစ်ပေမဲ့ ဒီဖြစ်ရပ်ကြောင့် NUG နဲ့ PDF တွေ လုပ်နေတဲ့ တော်လှန်ရေး နာမည်ပျက်မှာစိုးလို့ သက်ဆိုင်ရာမြို့နယ်ပကဖကိုပဲ အကြောင်းကြားထားတယ်လို့ ဗိုလ်စွမ်းက ဆိုပါတယ်။
“ဗိုလ်စွမ်းရဲ့ မိဘနှစ်ပါးကို (31.5.2025) ရက်နေ့က ဆိုင်ကယ်သုံးစီး၊ လူခြောက်ယောက်ခန့်က ဘာမပြောညာမပြောနဲ့ ခေါင်းငုံ့ခိုင်းပီးတော့ ဆိုင်ကယ်တစ်စီး၊ ဖုန်းသုံးလုံးနှင့် ပိုက်ဆံများ ယူဆောင်သွားပါသဖြင့် အဲ့မြို့နယ်က ပကဖများကိုအကြောင်းကြားထားပါတယ်။ ခုချိန်ထိတော့ ဘာမ မထူးခြားသေးပါဘူး။ မြို့နယ်နှင့် အဖွဲ့နာမည်မထည့်သေးတာက တော်လှန်ရေးပုံရိပ်ထိခိုက်မှာစိုးလို့ပါ။ မိဘနှစ်ပါးရဲ့ပစ္စည်းများပြန်ပေးအပ်ပီး တောင်းပန်ပေးရင် ကျေနပ်ပါတယ်။(သတ်ပုံမူရင်း)”လို့ ဗိုလ်စွမ်းက ဆိုပါတယ်။
PDF တပ်ရင်းမှူးရဲ့ မိဘတွေကိုတောင် PDF တွေက ပြန်လုယက်နေလို့ မလုံခြုံမှုတွေဖြစ်နေတဲ့ အညာမှာ PDF အဖွဲ့တွေများစွညဟာ လုယက်ဓားပြတိုက်မှုတွေ ကျူးလွန်နေကြတာကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ ဗိုလ်စွမ်းပို့စ်မဖျက်ခင်မှာ မှတ်ချက်ပြုခဲ့ကြတာလည်း တွေ့ရပါတယ်။
