
၂. ၆. ၂၀၂၅
Photo by Ye Kyaw
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်းများ ယနေ့ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုရက်ပိုင်း မိုးရွာသွန်းမှုများနေသည့်ကြားမှပင် ကျောင်းတက် လာရောက်သူများပြားခဲ့သည်ကို တွေ့ရှိရသည်။

ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားပြီး အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန်လ ၂ ရက်(ယနေ့)တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ပြုလုပ်ခဲ့ပြီး ကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၄ သန်းနီးပါးရှိခဲ့ကာ ဇွန်လ ၃ ရက်တွင် ကျောင်းများစတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းအပ်နှံသူဦးရေ၏ ၉၇ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ကြောင်း ယခုနှစ်တွင် ယမန်နှစ်ထက် ကျောင်းအပ်နှံမှု များပြားခဲ့ကြောင်း ကနဦးထုတ်ပြန်မှုများအရ သိရသည်။

