MT News

Written by Thi Ha

ဇန်နဝါရီ ၂၈ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်ခန့်က ဝေဇယန္တာလမ်းမကြီး Orange center နှင့် မျက်နှာချင်း ဆိုင်ဘက်အခြမ်း၊ ချစ်သူကြီး ဘီယာဆိုင်ရှေ့တွင် ယာဥ် ၅ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ဘီယာဆိုင်လုံခြုံရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ စိုးရိမ်ရ အခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း Medical လူငယ်များ အသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။

ဖြစ်စဥ်မှာ တိုယိုတာ ဟာရီယာ အဖြူရောင်ယာဥ်မှ ဘီယာဆိုင်ရှေ့တွင်ရပ်ထားသော ယာဥ်များကို နောက်မှဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုင်ရှေ့လမ်းမတွင် ယာဥ်များကို စနစ်တကျရပ်ထားနိုင်ရန် နေရာစီစဥ်ပေးနေသော လုံခြုံရေးဝန်ထမ်းအား ထိခိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ်အပေါ် Medical လူငယ်များ အသင်းမှ သူနာတင်ယာဥ် ၂ စီးဖြင့် သွားရောက်ကူညီခဲ့ပြီး လူနာအား သဃ်န်းကျွန်းစံပြဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *