
၃၀.၅.၂၀၂၅
Translated by Htwe Ko Tun
ကမ္ဘာ့နာမည်ကျော်ကြားတဲ့ အကြားအမြင်ဟောဆရာတွေက ၂၀၂၅ ခုနှစ်အတွင်းမှာ ကမ္ဘာကြီးမှာ မတည်မငြိမ် ဝရုန်း သုန်းကားအခြေအနေတွေ ကျယ်ပြန့်စွာ ဖြစ်လာလိမ့်ဦးမယ်လို့ ဟောကိန်းထုတ်ခဲ့ကြရာမှာ ကျန်ရှိကာလအတွင်း သေကြေပျက်စီးမှုများတဲ့ ငလျင်ကြီးတွေ၊ ဥရောပဒေသစစ်ပွဲတစ်ရပ်နဲ့ Covid -19 ကပ်ရောဂါဆိုးလိုမျိုး ကပ်ရောဂါဆိုးတွေ ပြန်လည် ဖြစ်ပေါ်မှုတွေပါ ပါဝင်တယ်လို့ သိရပါတယ်။
သေဆုံးသွားခဲ့ပြီဖြစ်တဲ့ ဘူလ်ဂေးရီးယားလူမျိုး အမျိုးသမီးအကြားအမြင်ဆရာ မျက်စိမမြင်သူဖြစ်တဲ့ ဘာဘာဗန်ဂါက ၂၀၂၅ ခုနှစ်နဲ့ပတ်သက်လို့ အံ့အားသင့်ဖွယ်ဟောကိန်းတချို့ကို ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ဉာဏ်ရည်တု ဘာဘာ ဗန်ဂါက အံ့ဩဖွယ်ခန့်မှန်းချက်တွေကို ၂၀၂၅ ခုနှစ်အတွက် ပြုလုပ်ထားခဲ့ရာမှာတော့ ကမ္ဘာတစ်ဝန်း ဆူဆူပူပူ လှုပ်လှုပ်ရှားရှားဖြစ်ရဦးမှာပဲလို့ ယူဆရဖွယ်ဖြစ်နေပါတယ်။
၁၉၉၆ ခုနှစ်မှာကွယ်လွန်ခဲ့ပေမယ့် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်မှုကြီးနဲ့ ဥရောပသမဂ္ဂမှ ယူနိုက်တစ်ကင်းဒမ်းနုတ်ထွက်မှုတို့အပါအဝင် ကမ္ဘာ့ထူးခြားဖြစ်ရပ်တွေကို သူကခန့်မှန်းထားခဲ့တာ မှန်ကန်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ ဘာဘာဗန်ဂါရဲ့ ခန့်မှန်းချက်တွေအတိုင်း မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာတော့ မတ်လအတွင်းက ကြီးမားတဲ့ငလျင်ကြီးတွေဒဏ် ခံခဲ့ရပြီး လူသေကြေ ဒဏ်ရာရမှုတွေများခဲ့ပါတယ်။ ဘာဘာဗန်ဂါက ၂၀၂၅ ခုနှစ်အတွင်း ဥရောပဒေသမှာ စစ်ပွဲကြီးတစ်ပွဲဖြစ်မယ်ဆိုတာလည်း ဟောခဲ့ပါတယ်။ ဒီစစ်ပွဲကိုလူသားမျိုးနွယ်တို့ရဲ့ကျဆုံးခန်းလို့တောင် ဘာဘာဗန်ဂါက အမည်ပေးခဲ့ပါတယ်။ လူသားတို့အတွက် လက်ရှိဖြစ်ရပ်တွေက အဆိုးဆုံးအခြေအနေမဟုတ်သေးဘူးလို့ ဆိုခဲ့တာပါ။
တခြားအကြားအမြင်ဆရာကြီးတွေဖြစ်တဲ့ နော်စထရာဒါးမတ်စ်၊ အက်သို့စ် ဆာလိုမီနဲ့ နီကိုးလက်စ် အူဂျူလာတို့ကလည်း ကမ္ဘာမှာ စစ်ရေးဆိုင်ရာတင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ ကြောက်မက်ဖွယ်ဖြစ်ရပ်တွေ သတိပေးထားပြီး လက်ရှိ ၂၀၂၅ ခုနှစ်မှာ ယူကေနိုင်ငံအတွင်း မတည်မငြိမ်ဖြစ်မှာ၊ တတိယကမ္ဘာစစ်နီးကပ်နေပြီး အဆိုးဆုံးတွေလာဦးမှာ၊ နှစ်ကုန်ပိုင်းမှာတော့ ဒီနှစ်က ကမ္ဘာပျက်ဖွယ်အခြေအနေလို့ဆိုရလောက်အောင်ဆိုးဝါးမှုတွေကြုံမှာလို့ ဟောကိန်းတွေထုတ်ထားကြပါတယ်။
Ref- Economic Times, MSN