၂၉.၅.၂၀၂၅
Written By Thandar
စာရေးဆရာမ ဒေါက်တာ ငွေတီဦးကို Ollid ရဲ့ Brand Ambassador ခန့်အပ်ပွဲအခမ်းအနားကို မေလ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို ပြည့်လမ်းရှိ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်မအနေနဲ့ ပြောချင်တာတစ်ခုက အားလုံးသိကြပြီသားဖြစ်မှာပါ။ ၂၀၂၁ ခုနှစ်က ကိုဗစ်တတိယလှိုင်းကာလမှာ ကိုဗစ်ရဲ့ဒဏ်ကို တော်တော်ကို ဆိုးဆိုးရွားရွားပြင်းပြင်းထန်ထန်ခံခဲ့ရတယ်။ ကိုဗစ်ဖြစ်တဲ့ သူတွေရဲ့ထုံးစံအတိုင်းပဲ ခံစားရတဲ့ ဝေဒနာတွေအများကြီးရှိတယ်။ ရက်အကြာကြီး ရေမချိုးရတာ၊ ခေါင်းမလျှော်ရတာ။ ဖျားတယ်။ အကြာကြီးအိပ်ယာထဲမှာလဲနေတယ်။ ရေလည်းမချိုးရဘူး။ ခေါင်းလည်းမလျှော်ရဘူး။ ရက်ပေါင်းများစွာပေါ့။ ကိုဗစ်ဒဏ်ကို တော်တော်ဆိုးရွားစွာခံခဲ့ရတယ်။ ကိုဗစ်က သက်သာပြီးတော့ အဆိုးရွားဆုံးက ရင်ဆိုင်ရတာနှစ်ခုရှိတယ် ညဘက်တွေအိပ်မရတာနဲ့ ဆံပင်အရမ်းကျွတ်တာပေါ့။ ဆံပင်ကျွတ်တာက ခေါင်းမှာ ဆံပင်မကျန်သလောက်ပါပဲ။ ဆံပင်တိုတိုလေးကိုဖြတ်လိုက်တယ်။ ဘယ်ပစ္စည်းလေးက ကိုယ့်ဆံပင်ပြဿနာကို ဖြေရှင်းပေးနိုင်မလဲ အမြဲတမ်း Product ကောင်းကောင်းလေ့လာသုံးစွဲရတယ်။ မိန်းကလေးတစ်ယောက်ပဲဖြစ်ဖြစ် ယောက်ကျားလေးတစ်ယောက်ပဲဖြစ်ဖြစ် ဆံပင်က ဒုတိယမျက်နှာပါ။ မျက်နှာက ဘယ်လောက်ပဲလှပနေပါစေ ဆံပင်အဆင်ပြေမနေဘူးဆိုရင် အလှတရားကမပြည့်စုံပါဘူး။ ဒီ Ollid Product ကောင်းကောင်းလေးသုံးရင်အဆင်ပြေကောင်းမွန်လာတာမို့ Brand Ambassador အဖြစ်လက်ခံဖြစ်တာပါ”လို စာရေးဆရာမ ဒေါက်တာ ငွေတီဦးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားကို Social Influencer တွေများစွာနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် Brand Ambassador Signing Ceremony ရေးထိုးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံက နှစ်ပေါင်း ၃၀ ကျော်ရှိတဲ့ ဆံသားကျန်းမာလှပစေဖို့ Ollid Brand ရဲ့ Shampoo၊ Hair Mask ၊ como ထုတ်ကုန်တွေ မိတ်ဆက်ခဲ့ပါတယ်။
#ငွေတီဦး #NgweTiOo #DoctorNgweTiOo
#BURBERRYHer #Shampoo #Hairmask #OLLIDBrandAmbassador
#BrandAmbassador



