
MT News
၂၄. ၅. ၂၀၂၅
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင် ဆီဘောက်ဆာယာဥ် ဘရိတ်ပေါက်ပြီး ကားသုံးစီးနှင့် ဆိုင်ကယ်ကို ဆင့်တိုက်ရာက မီးလောင်ပေါက်ကွဲမှုနှင့်အတူ လူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ မေလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ် အချိန်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စု၊ နောင်လေးကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်ကြီး-ဟိုပုံးလမ်း၊ မိုင်တိုင်အမှတ် ၁၂၄/၀ တွင် တောင်ကြီးမြို့မှ ဟိုပုံးမြို့သို့ မောင်းနှင်လာသော NISSAN DIESEL(အဖြူရောင်)ဆီဘောက်ဆာယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ CANTER (အဖြူရောင်) ယာဉ်(၂)စီးအား နောက်မှဝင်တိုက်မိကာ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော NISSAN(၆) ဘီးယာဉ်နှင့် HONDA 100 ဆိုင်ကယ်တို့အား ဝင်ရာက်တိုက်မိမှုဖြစ်ပွားပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။





အဆိုပါ ဖြစ်စဥ်ကို တောင်ကြီးခရိုင်မီးသတ်စခန်းနှင့် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ဟိုပုံးမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့်ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီခွဲ အချိန်မီးငြိမ်းခဲ့သော်လည်း အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁)ဦး သေဆုံးခဲ့သည်။
ထို့အပြင် အမျိုးသား(၁)ဦး (စိုးရိမ်ရ) နှင့် အမျိုးသား (၄)ဦး(မစိုးရိမ်ရ)တို့အား ကြက်ခြေနီအသင်းပိုင် သူနာတင်ယာဉ်ဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
