
၂၀.၅.၂၀၂၅
Translated by Htwe Ko Tun
တရုတ်တိုင်ဝမ်၊ နယူးတိုင်ပေမြို့၌ အသက် ၇၈ နှစ်ရှိ ယုဟု အမည်သိရသူ အမျိုးသားတစ်ဦးမောင်းလာသော ကားတစ်စီးက အချက်ပြမီးနီလွတ်ရန် ဖြတ်မောင်းစဉ် အရှိန်မထိန်းနိုင်ဘဲမော်တော်ဆိုင်ကယ်များကို တိုက်မိကာ လူကူးမျဉ်းကျားတစ်ခုတွင် ဖြတ်ကူးနေသော လမ်းသွာလမ်းလာအုပ်စုတစ်ခုအား အရှိန်ပြင်းစွာဝင်ရောက်တိုက်မိမှု မေလ ၁၉ ရက် ညနေ ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကားက အလယ်တန်းကျောင်းတစ်ခုအနီး လမ်းဆုံတစ်ခုရှိ လူကူးမျဉ်းကျားကို ဖြတ်ကူးနေသော လမ်းသွားလမ်းလာများအား တိုက်မိခဲ့ခြင်းဖြစ်ရာ သေဆုံးဒဏ်ရာရသူများတွင် ကျောင်းသားများအများဆုံး ဖြစ်ခဲ့ရသည်။ လမ်းသွားလမ်းလာများက ဆီဒင်ကားမှာ အရှိန်ပြင်းစွာမောင်းနှင်လာခြင်းဖြစ်ကြောင်းကိုလည်း ပြောခဲ့ကြသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူသုံးဦးတွင် နှစ်ဦးမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးနှစ်ဦးနှင့် ကျန် တစ်ဦးမှာ အသက် ၄၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ဒဏ်ရာရရှိသူ ၁၃ ဦးမှာလည်းအရိုးကျိုးမှုများမှသည် အမျိုးမျိုးသော ဒဏ်ရာများရခဲ့ကြကြောင်း ဆေးရုံများက ပြောခဲ့ကြသည်။

ဒဏ်ရာရသူများတွင်လည်း ၉ ဦးက ကျောင်းသားများဖြစ်ကြကာ နောက်တစ်ဦးမှာ မူကြိုတက်နေသူ ကလေးငယ်ဖြစ်ကြောင်းလည်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များက ယာဉ်တိုက်မှု၌ သက်သေအထောက်အထားများနှင့် အချက်အလက်များကို လိုက်လံ စုဆောင်းနေကြောင်း ပြောခဲ့ကြသည်။ရှေးဦးစစ်ဆေးချက်များအရ ယာဉ်မောင်းနှင်သူ ယုမှာ အရက်သေစာ သောက်စား၍မောင်းနှင်ခြင်းမျိုးမဟုတ်ကြောင်းလည်း သိရသည်။
Ref- Taiwan News