
၂၀.၅.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်ဟာ ရုရှားသမ္မတပူတင်နဲ့ မေလ ၁၉ ရက်က ဖုန်းဆက်သွယ် ဆွေးနွေးစကားပြောပြီးခဲ့ကြတဲ့နောက် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အောက်ပါအတိုင်း လူမှုကွန်ရက်မှာ ရေးသားခဲ့တယ်လို့ သိရပါတယ်။
ထရန့် က “ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်နဲ့ ကျွန်တော် နှစ်နာရီလောက် ဖုန်းနဲ့ဆွေးနွေးစကားပြောမှုက အခုတင်ပဲ ပြီးသွားပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ရလဒ်ကတော့ အရမ်းကောင်းတယ်လို့ ပြောပါရစေ။ ရုရှားနဲ့ ယူကရိန်းဟာ အပစ်အခတ်ရပ်စဲရေးအတွက် ချက်ချင်းဆိုသလို ညှိနှိုင်းဆွေးနွေးပွဲတွေပြုကြမှာပါ။ ပို အရေးကြီးတာက စစ်ပွဲကို အပြီးသတ်စေမှာပါပဲ။ ဒီအတွက်လည်း နှစ်နိုင်ငံကြား ဆွေးနွေးကြမှာပါ။ ဘယ်သူမှ သတိမထားမိကြတဲ့ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ရဲ့အသေးစိတ်ကို သူတိုသိကြတာကြောင့် ဒါက အောင် မြင်နိုင်မှာပါ။ ကျွန်တော်တို့ အခုဖုန်းပြောကြားမှုရဲ့ လေသံနဲ့ စိတ်ဓာတ်ကလည်း အရမ်းကောင်းမွန်ပါတယ်။ ဒါကြောင့် အရင်ကမရခဲ့တဲ့အခြေအနေကို အခုဆို ရနိုင်မှာပါ” လို့ လူမှုကွန်ရက်မှာရေးခဲ့ပါတယ်။
ဒါ့ပြင် ထရန့်က “ရုရှားအနေနဲ့လည်း ဒီလူသတ်စစ်ပွဲကြီး ပြီးသွားရင် အမေရိကန်နဲ့ ကုန်သွယ်မှုတွေ ကြီးကြီးမားမားပြုလုပ်သွားလိုပြီး ကျွန်တော်သလည်း သဘောတူထားပါတယ်။ ဒါက ရုရှားနိုင်ငံအတွက် အလုပ်အကိုင်အများအပြားနဲ့ ချမ်းသာကြွယ်ဝမှုကိုပါ ဖန်တီးပေးနိုင်မယ့် ကြုံတောင့်ကြုံခဲ အခွင့်အလမ်း တစ်ရပ်လည်းဖြစ်တယ်။ အလားအလာကလည်း ကန့်သတ်မှုရှိမှာမဟုတ်ဘူး။ ဒီလိုပဲ ယူကရိန်းဟာလည်း သူ့နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှာ ကုန်သွယ်ရေးကဏ္ဍမှာ အကျိုးအမြတ်တွေ အများအပြား ရနိုင်မှာပါ။ သူတို့နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပွဲက ချက်ချင်းဆိုသလို စပါလိမ့်မယ်။ ကျွန်တော့်အနေနဲ့ ရုရှားသမ္မတပူတင်နဲ့ ဖုန်းပြောပြီးတာနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လီယန်၊ ပြင်သစ်သမ္မတ အီမာ နျူရယ် မက်ခရွန်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယား မီလိုနီ၊ ဂျာမနီနိုင်ငံအဓိပတိ ဖရက်ဒရစ်ရှ် မာ့ဇ်နဲ့ ဖင်လန်သမ္မတ အလက်ဇန်းဒါး စတပ် တို့ကို ချက်ချင်း ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ဗာတီကန်ကလည်း ညှိနှိုင်းဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုတယ်လို့ ကြေညာခဲ့ပြန်ပါတယ်။ ဒီတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုကျွန်တော်တို့စကြပါစို့” လို့ ဆက်လက်ရေးသားခဲ့ပါတယ်။
Ref- Social Network