

၁၄.၅.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၆၃)ရပ်ကွက်၊ စက်မှုဇုန်(၂) ရှိ လှိုင်မြစ်လမ်းနှင့် ပြည်ထောင်စုလမ်းထောင့်ရှိ စက္ကူစက်ရုံတွင် မေလ ၁၃ ရက် ည ၉ နာရီ ၁၅ မိနစ်က လောင်ကျွမ်းခဲ့သောမီးလောင်မှုမှာ နောက်ဖေးအဖီတွင် ဖယောင်းတိုင်ထွန်းထားရာမှ လဲကျ၍ မီးလောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မိနစ် ၂၀ ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် အလျား ၁၀ ပေ၊ အနံ ပေ ၄၀ ရှိ သွပ်မိုး၊ သံဇကာရံထားသည့်ကာ မြေစိုက်နောက်ဖေးအဖီ၊ ထင်းနှင့်ကုန်ကြမ်းများ မီးလောင်ကျွမ်းခဲ့သည်။
“လုံခြုံရေးပတ်ကြည့်တုန်း ထွန်းထားတဲ့ ဖယောင်းတိုင်လဲကျပြီး အောက်မှာရှိတဲ့ ထင်းပုံနဲ့ ကုန်ကြမ်းတွေကို မီးကူးပြီး စလောင်တာ။ လူထိခိုက်သေဆုံးတာတော့မရှိပါဘူး “ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှူကြောင့် အသက် ၂၇ နှစ်အရွယ် ပိုင်ရှင်အမျိုးသားကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။