
၁၃.၅.၂၀၂၅
Written By Thandar
Alice Animated Artistry Films Production က Horror ဇာတ်လမ်းပုံစံ “မင်းထင်ရှားနှင့် အိမ်နံပါတ် ၆၆၆”ဇာတ်လမ်းတွဲ ကန်တော့ပေးပွဲ အခမ်းအနားကို ယနေ့ မတ်လ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ်ရှိ ရွှေဘုန်းပွင့်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ဇာတ်ကားက နိုင်ငံခြားကားတွေရိုက်နေကြတာ မြင်ဖူးတဲ့ ဇာတ်မျိုးပါ။ မင်းထင်ရှားနဲ့ အိမ်နံပါတ် ၆၆၆ ဆိုတော့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်မို့ လက်ခံရိုက်ကူးဖြစ်တာပါ။ မိသားစုတစ်ခုက အိမ်ပြောင်းသွားချိန်မှာ ဖြစ်ပေါ်လာတဲ့ ဇာတ်လေးပါ။ Horror ပုံစံလေးလည်း အရောလေးဆိုတော့ ပရိသတ်အကြိုက်တွေ့စေမယ့် ဇာတ်ပုံစံလေးပါ”လို့ သရုပ်ဆောင် ဟင်နရီစံက ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်ညွှန်းနဲ့ ဇာတ်အိမ်ပြန်လည်တည်ဆောက်သူ ယွန်းသခင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ Alice (The witch)က Horror ဇာတ်လမ်းပုံစံကို အပိုင်း ၈ ပိုင်း ပါဝင်မယ့် Mini Series အနေနဲ့ လာမယ့် မေလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာစတင် ရိုက်ကူးပုံဖော်သွားမှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ဟင်နရီစံ၊ ရဲမွန်၊ ရှင်မင်းဆက်၊ မေခွန်အား၊ မေသော်ချစ်(မှုံနံ့သာ)၊ ပန်းအင်ကြင်း၊ ဦးဝင်းမြိုင်၊ အကယ်ဒမီ ခင်ပိုပိုအေး၊ ထက်လင်း၊ ကလေးသရုပ်ဆောင် ဆန်းသစ်ဟိန်း၊ Special make up မမိုးသူ၊ ကြယ်ကလေးနဲ့ အနုပညာရှင်များစွာပါဝင်ကြမှာဖြစ်ပါတယ်။
#ဟင်နရီစံ #HenrySan #ရှင်မင်းဆက် #ShinMinSat #MyanmarCele
#မင်းထင်ရှားနှင့်အိမ်နံပါတ်၆၆၆ဇာတ်လမ်းတွဲ



