၂၇.၇.၂၀၂၆
Written By Thandar
Cloud Seven Production & Entertainment က မင်းသမီး သင်ဇာဝင့်ကျော်ရဲ့ ဒုတိယမြောက်ရိုက်ကူးမယ့် “မ”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲအခမ်းအနားကို ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဗိုလ်တထောင်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့က Cloud Seven က ထုတ်လုပ်တဲ့ “မ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲပါ။ ဒါရိုက်တာ Snow Miley တော့ ပထမဦးဆုံးတွေ့ဆုံခြင်းပါ။ ကိုယ့်အတွက် First Time ဖြစ်လို့ နည်းနည်းတော့ ရင်ခုန်စိတ်လှုပ်ရှားပါတယ်။ ဒီမောင်လေးအာကာနဲ့လည်း ပထမဦးဆုံး စဆုံတယ်။ သင်ဇာရဲ့ ဒုတိယမြောက် ဇာတ်လမ်းတွဲရိုက်ကူးတာလို့ ပြောလို့ ရပါတယ်။ ရှေ့မှာတော့ ဇာတ်လမ်းတွဲက တစ်ကားပဲ ရိုက်ဖူးတာပါ။ ဇာတ်လမ်းလေးကကောင်းတယ်။ကြိုပြီး ပရိသတ်ကို မပြောပြချင်သေးဘူးနော်။ တကယ်လို့ ထွက်လာရင် စောင့်ကြည့်စေချင်ပါတယ်”လို့ သရုပ်ဆောင် သင်ဇာဝင့်ကျော်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲက ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင်ကရေးသားပြီး ဒါရိုက်တာ Snow Miley က Musical Drama ဇာတ်လမ်းပုံစံ လာမယ့်ဩဂုတ်လဆန်းမှာ စတင်ရိုက်ကူးမှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ဖြိုးငွေစိုး၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ အာကာမျိုးမင်း၊ ခန့်အုပ်စိုး၊ နန်းဦးလှိုင်၊ ယု၊ စီလာဝင်း၊ အေဒီဦး၊ လဲ့ရည်ဝင်းနဲ့ တခြားသော အနုပညာရှင်ပေါင်းများစွာ ပါဝင်ကြမှာဖြစ်ပါတယ်။
#ဖြိုးငွေစိုး #သင်ဇာဝင့်ကျော် #PhyoNgweSoe #ThinzarWintKyaw #အာကာမျိုးမင်း #ArkarMyoMin #SnowMiley #ခန့်အုပ်စိုး #နန်းဦးလှိုင် #ယု #စီလာဝင်း #လဲ့ရည်ဝင်း #မဇာတ်လမ်းတွဲ #CloudSevenProduction #မ #ကန်တော့ပေးပွဲအခမ်းအနား







