၂၃.၇.၂၀၂၆
Written By Thandar
အနုပညာရှင်ပေါင်းများစွာနဲ့ ကဏ္ဍပေါင်းစုံတင်ဆက်ခဲ့တဲ့ Hey Play TV Channel Launching and 3rd Year Anniversary ပွဲ အခမ်းအနားကို ဇူလိုင် ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ အင်းယားလမ်းရှိ Hotel Mercure မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။
“Hey Play က မြတ်သူတို့ မျက်စိရှေ့မှာတင် ၃ နှစ်ပြည့်သွားပြီပေါ့။ အစီအစဉ်ကောင်းများစွာ၊ ဇာတ်လမ်းတွဲကောင်းများစွာ ဆက်လက်ထုတ်လွှင့်နိုင်ခဲ့တဲ့အပြင် ခုဆိုရင် အလွယ်တကူကြည့်ရှုနိုင်မယ့် TV Channel ကိုလည်း Free ကြည့်ရှု့ခွင့်ရဖို့ မိတ်ဆက်လိုက်ပြီမို့ အရမ်းလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ မြတ်သူ အနုပညာတွေနားရပြီး ပြန်စလုပ်ချိန်မှာ Hey Play နဲ့ အတူရိုက်ကူးခွင့်ရလို့ ပရိသတ်နဲ့အတူ တွေ့ဆုံနိုင်ဖို့ ပေါင်းကူးတံတားလေးလုပ်ပေးလို့ ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်”လို့ သရုပ်ဆောင် မြတ်သူသူက ပြောပါတယ်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ အတွင်းရေးမှူး ချမ်းသာကြည်စိုးစတဲ့ တာဝန်ရှိသူတွေ အနုပညာရှင်တွေဖြစ်တဲ့ ဟဲလေး၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုလ်၊ သူထူးစံ၊ တိုင်ရွန်၊ အောင်ရေချမ်း၊ အောင်မင်းခန့်၊ ဖြိုးလေး၊ ချာလီငြိမ်း၊ သိန်းလင်းစိုး၊ နေ့သစ်အေးအောင်၊ ချောရတနာ၊ စိုးပြည့်သဇင်၊ မေပန်းချီ၊ မြတ်သူသူ၊ ဝါဆိုမိုးဦး၊ ဘေဘေး၊ အဒီရာဦး စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
Hey Play အနေနဲ့ ဇာတ်လမ်းတွဲတွေ၊ မြန်မာဇာတ်ကားကောင်းတွေ၊ အားကစား အစီအစဥ်ကောင်းတွေနဲ့ စိတ်ဝင်စားစရာ အစီအစဉ်ကောင်းတွေကို HEY Play TV Channel ကနေ (၂၄) နာရီလုံး ကြည့်ရှုနိုင်အောင် ထုတ်လွှင့်ပြသနေလျှက်လည်းရှိပါတယ်။
#ထွန်းထွန်း #ကျော်ကျော်ဗိုလ် #သူထူးစံ #တိုင်ရွန် #အောင်ရေချမ်း #အောင်မင်းခန့် #ဖြိုးလေး #ချောရတနာ #မေပန်းချီ #မြတ်သူသူ #ဘေဘေး
HEYPlayTVChannel #HEYPlay #HEYPlayနဲ့ကြည့်မယ် #DigitalFreetoAir #HEYPlaysports #entertainment












