ဓာတ်ပုံ - မေတ္တာအလင်း လူမှုကူညီရေးအသင်း
သက်တံ့
၂၇. ၇. ၂၀၂၆
လိုက်ထရက်ယာဥ်ပေါ် သစ်ပင်လဲကျပိမိရာမှ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ် ဆရာစံလမ်း ပုလဲကွန်ဒိုအနီး သစ်ပင်လဲကျရာ လိုက်ထရပ်ယာဉ်တစ်စီးပေါ် ပိမိသဖြင့် ယာဉ်ပေါ်ပါ လူနှစ်ဦးမှ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း မေတ္တာအလင်းလူမှုကူညီရေးအသင်း၏ ကူညီဆောင်ရွက်ပေးမှုအရ သိရသည်။
အဆိုပါဖြစ်စဥ်ကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့မှ ကယ်ဆယ်ကူညီခဲ့သလို ဒဏ်ရာရလူနာအား မေတ္တာအလင်းအသင်းမှ ကူညီ၍ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သလို သေဆုံးသူအား မေတ္တာစေတနာအသင်းမှ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – မေတ္တာအလင်း လူမှုကူညီရေးအသင်း





