
◾ အိန္ဒိယတက်ကြွလှုပ်ရှားသူ Sonam Wangchuk အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်
၂၄.၇.၂၀၂၆
Translated by Htwe Ko Tun
အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ စာမေးပွဲမေးခွန်းတွေ ပေါက်ကြားမှုကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲက တစ်လခန့် ကြာချိန်မှာတေ့ာ နိုင်ငံရေးအရဆန့်ကျင်မှုတွေ ပြုလုပ်တဲ့လှုပ်ရှားမှုတစ်ခုပုံစံ တဖြည်းဖြည်းရောက်လာတယ်လို့ အကဲဖြတ်တွေကဆိုကြပါတယ်။
အိန္ဒိယနိုင်ငဲမှာ ဇွန်လကုန်ပိုင်းကစတင်ခဲ့တဲ့ လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို ထောက်ခံဖို့ ဇွန်လ ၂၈ ရက်ကစလို့ အစာငတ်ခံဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဆိုနမ် ဝန်ချက်က ဇူလိုင်လ ၂၃ ရက်မှာတော့ သူ့ရဲ့ ၂၆ ရက်ကြာ အစာငတ်ခံဆန္ဒပြမှုကို အဆုံးသတ်လိုက်ပြီဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက် X စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။သူက အခြေအနေအမျိုးမျိုးနဲ့ နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာနိုင်ခြေကို ထောက်ရှုလို့ ခုလိုဆုံးဖြတ်ခဲ့ရတာလို့ ပြောခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ်ရှိ ဆိုနမ် ဝန်ချက်က အိန္ဒိယလူငယ်တွေ ဦးဆောင်သော ပိုးဟပ်လှုပ်ရှားမှုနဲ့ စည်းလုံးညီညွတ်တာကိုပြတဲ့အနေနဲ ဇွန်လ ၂၈ ရက်မှစလို့ အစာငတ်ခံဆန္ဒပြနေခဲ့တာပါ။
တစ်လကျော်ကြာ ကျောင်းသားတွေ ဦးဆောင်တဲ့ ပိုးဟပ်လှုပ်ရှားမှု ဆန္ဒပြမှုတွေက အိန္ဒိယနိုင်ငံရဲ့ မဖြစ်မနေတက်ရောက်ရယ့် ဘွဲ့ကြိုဆေးပညာနဲ့ သွားဘက် ဆိုင်ရာ ကောလိပ်ဝင်ခွင့်စာမေးပွဲ NEET-UG မေးခွန်းစာရွက်တွေ ပေါက်ကြားမှုအတွက် ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရတ်ဟန်ကို ရာထူးမှ နုတ်ထွက်ဖို့ တောင်းဆိုနေခဲ့ကြတာပါ။
ဒီပေါက်ကြားမှုအတွက် ဖြေဆိုပြီး စာမေးပွဲတွေကို ဖျက်သိမ်းပြီး စာမေးပွဲတွေပြန်လည်ဖြေဆိုဖို့ ပြုလုပ်ခဲ့ တာမှာ ကျောင်းသားနှစ်သန်းကျော်ကို ထိခိုက်စေခဲ့ပါတယ်။ ဒါ့ပြင် စာမေးပွဲတွေပြန်လည်ဖြေဆိုရလို့ စိတ်ပိုင်းဆိုင်ရာ နဲ့ ငွေကြေးဆိုင်ရာဖိစီးမှုတွေကြောင်ု ကျောင်းသားများစွာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြပြီးနောက်မှာတော့ လူထုရဲ့ပြင်းထန်တဲ့ဒေါသကို ဖြစ်စေခဲ့ပြီး ဆန္ဒပြမှုတွေကို ပိုလို့ အရှိန်မြင့်စေခဲ့တာပါ။
Cockroach Janta Party လို လူငယ်အဖွဲ့တွေဦးဆောင်တဲ့ ဆန္ဒပြသူတွေက ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရတ်ဟန် ကို ရာထူးမှနုတ်ထွက်ဖို့နဲ့ အိန္ဒိယနိုင်ငံ ပညာရေး စနစ်တစ်ခုလုံးကို ပြုပြင်မွမ်းမံဖို့ ပြတ်ပြတ်သားသားတောင်းဆိုနေကြပါတယ်။
ဒါပေမယ့် ထိုလှုပ်ရှားမှုက နိုင်ငံရဲ့ပညာရေးစနစ်အပေါ် ကျောင်းသားတွေရဲ့ မကျေနပ်ချက်တွေကို ကျော်လွန်၍ ကြီးထွားလာခဲ့ပါတယ်။ ၎င်းက ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ဦးဆောင်တဲ့ ဟိန္ဒူ အမျိုးသားရေး အစိုးရအပေါ် ပိုမိုကျယ်ပြန့်တဲ့ စိတ်ပျက်မှုတွေ ဖြစ်ပေါ်နေတုံးမှာ ပညာရှင်တွေနဲ့ မိသားစုတွေ ကိုလည်း ဆွဲဆောင်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။
အစာငတ်ခံဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဆိုနမ် ဝန်ချက် က သူ့ရဲ့ အစာငတ်ခံဆန္ဒပြမှု ပြီးဆုံးကြောင်း ကြေညာရာမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တဲ့ ကျောင်းသားတွေရဲ့ မိသားစုတွေအတွက် လျော်ကြေးနဲ့ ပညာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်မှုအပါအဝင် အစိုးရထံမှ အာမခံချက်တွေကို ရှာဖွေနေတယ်လို့ ပြောကြားခဲ့ပါတယ်။
သူ၏ အစာငတ်ခံဆန္ဒပြမှု ပြီးဆုံးကြောင်း ကြေညာရာမှာ Wangchuk က မိမိကိုယ်ကိုယ် သတ်သေခဲ့သော ကျောင်းသားများ၏ မိသားစုများအတွက် လျော်ကြေးနှင့် အိန္ဒိယပညာရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ခြင်းအပါအဝင် အစိုးရထံမှ အာမခံချက်များကို ရှာဖွေနေ တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်မှာတော့ အတိုက်အခံ ကွန်ဂရက်ပါတီကလည်း ဆန္ဒပြပွဲတွေမှာပါဝင်လာပြီး ဝန်ကြီးချုပ် မိုဒီဿနဲ့ သူ့ရဲ့ ပြည်ထဲရေးဝန်ကြီး အမစ်ရှား တို့ကို ဆန္ဒပြသမားတွေကို အကြမ်းဖက်နှိမ်နင်းလို့ဆိုပြီး ရာထူးမှ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း လက်ကိုင်တုတ်တွေ မျက်ရည်ဟိုဗုံးတွေနဲ့ ဆန္ဒပြမှုတွေကို နှိမ်နင်းခဲ့ပါတယ်။
ဒါကြောင့်လည်း တစ်လခန့်ရှိလာပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ပိုးဟပ်လှုပ်ရှားမှုဆန္ဒပြပွဲက သာမန် ကျောင်းသားတွေရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်မှ နိုင်ငံရေး ပါဝင်ပတ်သက်လာတယ်လို့ ဆိုရမှာပါ။
Ref.:DW News
