
၁၈.၇.၂၀၂၆
Translated by Htwe Ko Tun
ယခုကျင်းပနေသည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ချန်ပီယံ မည်သူမည်ဝါဆိုသည်ကို ဇူလိုင် ၁၉ ရက်၊ တနင်္ဂနွေနေ့တွင် နယူးယောက်မြို့၊ နယူးဂျာစီ အားကစားကွင်း၌ ယှဉ်ပြိုင် သရဖူလုကြအပြီး သိရှိရမည်ဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲ၌ အနိုင်ရဗိုလ်စွဲသည့် အသင်းအား အထင်ကရဆုဖလားနှင့် ဂုဏ်သိက္ခာ ရှိသော ရွှေတံဆိပ်များအပြင် အောင်ပွဲ၏ သင်္ကေတအသစ်တစ်ခုကိုပါ ချီးမြှင့်သွားမည်ဟုသိရသည်။
အောင်ပွဲ၏ သင်္ကေတအဖြစ် ၂၀၂၆ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲဗိုလ်စွဲသည့်အသင်းအား စိတ်ကြိုက် ပြုလုပ်ထားသော ချန်ပီယံလက်စွပ်များကို ပထမဆုံး ချီးမြှင်မည်ဖြစ်ပြီး ၎င်းက အမေရိကန်အားကစား အစဉ်အလာများကို ကမ္ဘာလုံးဆိုင်ရာဘောလုံးအားကစားလောကသို့ အထင်ရှားဆုံး ယူဆောင်လာရာ ရောက်မည်ဖြစ်သည်။
အရေအတွက်အားဖြင့် ထိုချန်ပီယံလက်စွပ်များကို ၂,၀၂၆ ခု အကန့်အသတ်ဖြင့် ပြုလုပ်မည်ဖြစ်ရာ လက်စွပ် ၃၀ က ဗိုလ်စွဲသည့်အသင်းအား ချီးမြှင့်ရန်သီးသန့်ဖြစ်ပြီး ကျန်လက်စွပ် ၁,၉၉၆ ခုကို ကမ္ဘာ့ ဖလား ပရိသတ်များအတွက် ရရှိနိုင်မည်ဖြစ်သည်။
လက်စွပ်၏ တစ်ဖက်တွင် FIFA ကမ္ဘာ့ဖလားဆုဖလားကို ဂုဏ်ယူစွာ တပ်ဆင်ထားပြီး ကျန်တစ်ဖက်တွင် ဗိုလ်လုပွဲအနိုင်ရအသင်း၏ အမှတ်အသားကို ထင်ဟပ်စေရန် စိတ်ကြိုက်ပြုလုပ်မည်ဖြစ်သည်။
ဗိုလ်လုပွဲပြီးသည်နှင့် အနိုင်ရအသင်း၏ အသင်းခေါင်းဆောင်နှင့် နည်းပြချုပ်သည် ထိုအခမ်းအနားကို အောက်မေ့ဖွယ်အဖြစ် ယာယီလက်စွပ်များ ရရှိမည်ဖြစ်သည်။
၎င်းတို့အနက် ၃၀ ခုကို အနိုင်ရအသင်းကို ပေးအပ်မည်ဖြစ်ပြီး ၁၉၉၆ ခုကို ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များအတွက် တရားဝင်လိုင်စင်ရထုတ်ကုန်အဖြစ် ပေးအပ်မည်ဖြစ်ရာ ပရိသတ်များအဖို့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားသမိုင်း၏ ထူးခြားသောအစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
လက်စွပ်တစ်ကွင်းစီကို တစ်ဦးချင်းနံပါတ်တပ်ကာ စိတ်ကြိုက်တပ်ဆင်ပေးမည်ဖြစ်ပြီး ၎င်း၏ကိုယ်ပိုင် ဟုတ်မှန်ကြောင်းအထောက်အထားလက်မှတ်ဖြင့် ပို့ဆောင်ပေးမည်ဖြစ်သည်။
အနိုင်ရရှိသူများအတွက် လက်စွပ် ၃၀ ခုစီကို နောက်ပိုင်းရက်တွင် တရားဝင်ပေးအပ်ခြင်းမပြုမီ စိတ်ကြိုက်ပြုလုပ်မည်ဖြစ်သည်။
Ref- FIFA
