MT News
၈. ၇. ၂၀၂၆
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်သည် ယနေ့ (ဇူလိုင် ၈ ရက်) မှစတင်၍ တရားဝင် အသက်ဝင်ပြီဖြစ်ကြောင်း အော့တာဝါမြို့ရှိ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံအစိုးရတို့အကြား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် ပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ တရားဝင် စတင်အသက်ဝင်မည်ဖြစ်ပါကြောင်း အသိပေး ကြေညာချက်က ဆိုသည်။
အဆိုပါသဘောတူညီချက်အရ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံမှ သက်တမ်းရှိ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော နိုင်ငံသားများသည် တစ်ဖက်စာချုပ်ဝင်နိုင်ငံနယ်မြေအတွင်း အိမ်ရှင်နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်ကိုက်ညီပါက ရက်ပေါင်း (၃၀) ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်ခွင့် ရရှိမည်ဖြစ်ကာ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း တစ်ဖက်စာချုပ်ဝင်နိုင်ငံ ပိုင်နက်နယ်မြေတွင် ရက်ပေါင်း (၉၀) နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။
