
၅.၅.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့် က မေလလယ်ခန့်မှာ ဆော်ဒီအာရေဗျသို့ သွားရောက်တုံး ရုရှားသမ္မတ ပူတင်နဲ့ နှစ်ဦးတွေ့ဆုံဆွေးနွေးဖို့ အလားအလာရှိတယ်လို့ ပြောခဲ့တယ်လို့ မေလ ၅ ရက်သတင်းတွေက ဖော်ပြခဲ့ပါတယ်။
သတင်းထောက်တွေက ထရန့်ကို ရုရှားသမ္မတပူတင်နဲ့ သူ့ရဲ့ ဆော်ဒီအာရေဗျကို စီစဉ်ထားတဲ့ အလည် ခရီးစဉ်အတွင်း တွေ့မှာလားလို့ မေးခဲ့ကြရာမှာတေ့ာ ထရန့်က ဒါနဲ့ပတ်သက်လို့ စဉ်းစားမထားသေးဘူး လို့ ဖြေကြားခဲ့ပါတယ်။ သူက ဆော်ဒီအာရေဗျကိုတော့ မကြာမီသွားမှာပါလို့ ပြောခဲ့ပါတယ်။
ထရန့်က မကြာသေးမီကလည်း မေလ ၁၃ ရက်မှ မေလ ၁၆ ရက်ထိ ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အာရပ်ပြည်ထောင်စုစော်ဘွားများနိုင်ငံ တွေကို သွားရောက်လည်ပတ်တုံး ရုရှားသမ္မတပူတင်နဲ့ တွေ့ကောင်း တွေ့နိုင်တယ်ဆိုတာ ဝန်ခံခဲ့ပါသေးတယ်။
အစောပိုင်းတုံးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး တမ်မီ ဘရု့စ်က ရုရှားနဲ့ အမေရိကန်နှစ်နိုင်ငံခေါင်းဆောင်တို့အကြား ယူကရိန်းပြဿနာကိုဖြေရှင်းဖို့ ဆက်သွယ်မှုက မရှိမဖြစ်လိုအပ်တယ်လို့ပြောခဲ့ပါတယ်။ ပူတင်နဲ့ ထရန့်ဟာ မတ်လ ၁၈ ရက်ကတေ့ာ ဖုန်းနဲ့ဆက်သွယ်ပြောကြားခဲ့ကြပါတယ်။ အဲဒီလို ဆက်သွယ်မှုမှာ ရုရှားသမ္မတပူတင်က အမေရိကန်သမ္မတ ထရန့် အဆို ပြုခဲ့တဲ့ ယူကရိန်းပဋိပက္ခမှာ နှစ်ဖက်စလုံးက စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေကို အပြန်အလှန်တိုက်ခိုက်ကြမှု ရှောင်ကြဉ်ကြဖို အချက်ကို သဘောတူခဲ့ပါတယ်။
ref- Tass News
