◾️မြန်မာ ၈ ဦး၊ တရုတ် ၁၄ ဦး ပါဝင်ပြီး တရုတ် ၄ ဦးသာ
ကယ်ဆယ်ထားနိုင်သေး
၂၅.၁.၂၀၂၃
Written by Nay Aung
မြန်မာသင်္ဘောသားများအပါအဝင် သင်္ဘာသား ၂၂ ဦး လိုက်ပါလာသော ကုန်တင်သင်္ဘာတစ်စီးသည် ဂျပန်နိုင်ငံ အနောက် တောင်ပိုင်း နာဂါစာကီ ကမ်းလွန်ပင်လယ်ပြင်တွင် တိမ်းမှောက်သွားခဲ့ပြီး ရှာဖွေကယ်ဆယ်မှုများ လုပ်ကိုင်လျက်ရှိနေကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။
အဆိုပါသင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၈ ဦးနှင့် တရုတ်သင်္ဘာသား ၁၄ ဦး အလုပ်လုပ်ကိုင်နေပြီး ဇန်နဝါရီ ၂၄ ရက်နေ့ညပိုင်းက သင်္ဘော၏အကူအညီတောင်းခံခြင်းကို လက်ခံရရှိခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။
ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော အလေးချိန် ၆၅၅၁ တန်ရှိ ကုန်စည်သင်္ဘောသည် နစ်မြှပ်သွားခဲ့ပြီးနောက် လက်ရှိအချိန်တွင် တရုတ်နိုင်ငံသားလေးဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ဒန်ဂျိုကျွန်းစုများအနောက်ဘက် ၁၁၀ ကီလို မီတာတွင်ရှိနေသော သင်္ဘောသည် ဇန်နဝါရီ ၂၄ ရက်နေ့ ညပိုင်း ၁၁ နာရီ ၁၅ မိနစ်တွင် အကူအညီတောင်းခံမှုများလုပ်ဆောင်ခဲ့ကြောင်း၊ သင်္ဘောနစ်မြှုပ်မှုမဖြစ်ပွားခင် သင်္ဘောသားများကို အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သင်္ဘောနစ်မြှုပ်ချိန်တွင် သင်္ဘောအနီးတွင်ရှိနေသော ပုဂ္ဂလိကပိုင်လှေတစ်စီးက တရုတ်နိုင်ငံသား သင်္ဘောသားများကို ကယ်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါလာသောသင်္ဘောသားများသည် ဂြိုလ်တုဖုန်းမှတစ်ဆင့် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ထံ အကူညီတောင်းခံမှုများလုပ်ဆောင်ခဲ့ပြီး ၎င်းတို့သင်္ဘောတိမ်းမှောက်ကာ နစ်မြှုပ်နေသည့်အကြောင်းအရင်းကို အသိပေးအကြောင်းကြားကာ အကူညီတောင်းခဲ့ကြောင်း သိရသည်။
ref- kyodonews


