
၁၇.၄. ၂၀၂၅
Written By Thandar
ယနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)လည်း ရန်ကုန်မြို့ အင်းစိန်ထောင်က ပြန်လည်လွတ်မြောက်လာပါတယ်။
“အကို ဒါရိုက်တာ စတီး လွတ်ပြီဟေး။ ကျွန်တော်တို့ လာကြိုတာပါ”လို့ သရုပ်ဆောင် ဥက္ကာကျော်က ပရိသတ်ကို အသိပေးလာပါတယ်။
ဒါရိုက်တာစတီးလ်က ၂၀၂၃ မတ် ၂၀ ရက်က ရန်ကုန်မြို့ သန်လျင်မြို့နယ်နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ၁ နှစ်ကျော်ကာလမှာ ယနေ့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတာပါ။
ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်က ဒါရိုက်တာ စတီးလ်ရဲ့ အသက် ၅၃ နှစ်ပြည့် မွေးနေ့လည်း ဖြစ်ခဲ့ပါတယ်။
ယနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းထောင်/ အချုပ်ထောင်စခန်းအသီးသီးက ပြစ်ဒဏ်ကျခံခဲ့တဲ့ အကျဉ်းသူ၊ အကျဉ်းသား ၄,၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။
