ဒလမြို့နယ်ရှိ စက်ဘီးအရောင်းဆိုင်တစ်ခုကို တွေ့ရစဥ်

MT News

Written by Thi Ha

ယခုနောက်ပိုင်းတွင် လိုင်စင်ရအပေါင်ဆိုင်များသို့ လာပေါင်သည့် စက်ဘီးများမှာ ခိုးလာသော စက်ဘီးများဖြစ်နေသဖြင့် လိုင်စင်ရအပေါင်ဆိုင် အများစုအနေဖြင့် စက်ဘီး အပေါင်မခံကြရန် တိုင်ပင် လုပ်ဆောင်နေကြောင်း သိရသည် ။

ယခုနှစ်အတွင်း ဆင်ခြေဖုံးမြို့နယ်များနှင့် ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်းရှိ မြို့သစ်မြို့နယ်များတွင် ခိုးမှုကျူးလွန်မှုများ သိသိသာသာ များပြားလာနေသည်။ ထိုသို့ ခိုးယူမှုများတွင် စက်ဘီးပျောက်ရှမှု ဖြစ်စဥ်များလည်း ပါဝင်နေပြီး ခြံဝန်းအတွင်း ဝင်ရောက်ခိုးယူခြင်း၊ တိုက်ခန်းလှေကားခွင်အတွင်းရပ်ထားသည်ကို သော့ကြိုးဖြုတ်ခိုးယူခြင်း စသည်ဖြင့် ဖြစ်ပွားလျက်ရှိသည်။

အင်းစိန်မြို့နယ်မှ လိုင်စင်ရအပေါင်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက “စက်ဘီး လာပေါင်ရင် ပေါင်တဲ့သူရဲ့ မှတ်ပုံတင်ပါမှ အပေါင်ခံတယ်။ မိတ္တူသိမ်းပါတယ်။ ဘာလို့လဲဆိုတော့ အရင်က ခိုးဘီးတွေလာပေါင်လည်း တစ်နှစ်လုံးမှ တစ်စီး နှစ်စီးထက်မပိုဘူး။ အလုပ်လည်းမထိခိုက်ဘူး။ အခုက တစ်ပတ်ကို ၂ စီး ၃ စီးလောက်ကို အမှုက ဖြစ်နေတာ“ ဟု ပြောသည်။

အင်းစိန်မြို့နယ်ရှိ လိုင်စင်ရအပေါင်ဆိုင်များတွင် အပေါင်ပစ္စည်းအချို့မှာ ဥပဒေနှင့်ငြိစွန်းသဖြင့် မကြာခဏဖြေရှင်းရမှု ထိခိုက်နစ်နာမှုများရှိနေသည်ဟုလည်း သိရသည်။

ခိုးယူခံရသူပိုင်ရှင်များမှ လုံခြုံရေးတပ်ဖွဲ့များထံ အကူအညီတောင်း၍သော်လည်းကောင်း လိုက်လံရှာဖွေ ပြန်လည်သိမ်းဆည်းခံရမှုများရှိလာသည်။ ထိုသို့ ဖြစ်စဥ်များတွင်မှ စက်ဘီးကြောင့်ဖြေရှင်းရသည့်ဖြစ်စဥ်များက ပိုမိုများပြားလာခြင်းကြောင့် လုပ်ငန်းတူအချင်းချင်းအကြား သတိပြုမိရာမှ စက်ဘီးအပေါင်မခံရန် တိုင်ပင်လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *