




၂.၃.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှု ရရှိထားတဲ့ အဆိုတော် Bobby Soxer ကတော့ ယနေ့ မတ်လ ၂ ရက်ညပိုင်းက “နာမည်တပ်ပြီးပြောပိုင်ခွင့်မရှိ” You Know Who (Official Music Video) ထွက်ရှိခဲ့ပြီးနောက် ပရိသတ်တွေ စိတ်ဝင်စားရာတွေဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီသီချင်းလေး တင်လိုက်ပြီး အချိန် ပိုင်းအတွင်းမှာ Million ချီ အားပေး ကြည့်ရှုသူတွေ အများအပြားဖြစ်ခဲ့သလို Comment တွေမှာလည်း စိတ်ဝင်စားမှုနဲ့ ဝေဖန်ထောက်ပြမှုတွေဖြစ်ပေါ်လာပါတယ်။
သီချင်းကို တေးရေးအနေနဲ့ Bobby Soxer ကိုယ်တိုင်ရေးသားထားတာဖြစ်ပြီးတော့ ဒါရိုက်တာ MILO DOES ART က ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တချို့ပါဝင်ထားကြပါတယ်။
Bobby Soxer ရဲ့”နာမည်တပ်ပြီးပြောပိုင်ခွင့်မရှိ” Music Video ရဲ့ Post အောက်မှာတော့ အဆိုတော်လွှမ်းပိုင်က “ဟေး.. Bsox ဆီက စနှိုက်တာဘယ်သူလဲနာမည်လေးလုံးနဲ့တက်သစ်စ မင်းသမီး ” လို့ Comment ပေးလာတာပါ။
ဒါပြင် အဆိုတော်လွှမ်းပိုင်က “ဘဝတွေ ဘဝတွေ ကိုငဲ့ကွက်ပြီးဘာမှမပြောပဲ အပစ်တွေကိုအကုန် တယောက်ထဲယူပြီး အဆဲခံလာတာ ၂ နှစ်ကျော်ပြီ တော်ပြီလေ။ ငါ့နောက်ကွယ်မှာ သူတို့နှစ်ယောက်ပြတ်တာ သမီးနဲ့မဆိုင်ပါဘူး။ သူကတဖက်သက်ဖြစ်နေတာပါ ဆိုပြီးမဟုတ်သတင်းတွေ လိုက်လွှင့် ဇွတ်ဖြူစင်ပြနေတည်းက ကြည့်ပေးခဲ့တဲ့ဘဝတွေကိုကြည့်ပေးစရာမလိုတော့တာ
အမှန်တရားဆိုတာ စိတ်ကွယ်ရာမရှိ Yeah This is the end game for all these drama ။ စာကြွင်း-ဒီစာကကျွန်တော့် Ex ကိုပြောတာမဟုတ်ပါ Exနဲ့ပြတ်ခဲ့တာ သူနဲ့မဆိုင်ဘူးဇွတ်ငြင်းနေတဲ့သူတွေသိအောင်ပြောပြတာ”လို့ ရင်ဖွင့်လာပါတယ်။
ဒါ့အပြင်လည်း ဒီနေ့ရဲ့ လူမှုကွန်ရက်မှာ လွှမ်းပိုင်ကို နာမည်လေးလုံးနဲ့မင်းသမီးက နမ်းခိုင်းနေတဲ့ရုပ်သံကလည်း ပျံ့လွင့်နေပါတယ်။
